ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့်နေရာများအားကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့်နေရာများအားကြည့်ရှုစစ်ဆေး







MNP ၊ မေ  ၂၀

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့် နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 


ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးလန်ပျက်စီးခဲ့သည့် ဂိုဒေါင်အဆောက်အဦနှင့် အိမ်သာသွားလျှောက်လမ်းခေါင်မိုး ပြန်လည်ပြုပြင်နေမှုအားလည်းကောင်း၊  ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ သဇင်ဆောင်အဆောက်အဦ ခေါင်မိုးနှင့် မျက်နှာကျက် ပျက်စီးမှု ပြန်လည်ပြုပြင်တည်ဆောက်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ အား ကျောင်းမဖွင့်မီအချိန်အမီပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်နှင့်အညီ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးတို့ကို လမ်းညွှန်မှာကြားသည်။ 


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ ရောက်ရှိ ကာ သဘာဝဘေးဒဏ်သင့်ခဲ့သည့် အရာရှိ၊ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး အဆိုပါရဲတပ်ဖွဲ့ခွဲရုံးမှ ရဲမှူးကြီး မျိုးဝဏ္ဏက သဘာဝဘေးကြိုတင်စီမံဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးကျရောက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြဆွေးနွေးရာ ဒုတိယဗိုလ်ချုပ်ကြီးက တင်ပြချက် များအပေါ် လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးကာ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဝန်ထမ်းလိုင်း ခန်းများ၊ အဆောက်အဉီများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေ ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် အမိုးလန်ပျက်စီးနေမှုများ အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြန်လည်တည်ဆောက်‌‌ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နှိုင် ရေး လမ်းညွှန်မှာကြားသည်။ 


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးနှင့်တာဝန်ရှိသူများသည် ဂုံးချွိန်ကျေးရွာအုပ်စုရှိ တန်ခိုးကြီး ပေါ်တော်မူ ကံ့ကော်တောဘုရားအား သွားရောက်ဖူးမျော်ကန်တော့ကာ ဘုရားဘက်စုံပြုပြင်မွန်းမန်နိုင် ရေး အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။


ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည်  အမှတ်(၃၄)ခြေလျင်တပ်ရင်း သို့ ရောက်ရှိပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံကာ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ စနစ်တကျ မြန်ဆန်စွာဆောင်ရွက်နိုင်ရန်၊ ပျက်စီးမှုစာရင်းဇယားများအား မြန်ဆန်မှန် ကန်စွာကောက်ယူနိုင်ရန်နှင့် ခရိုင်/မြို့နယ်အလိုက် စနစ်တကျမှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်ဆောင် ရွက်ရမည်ဖြစ်ကြောင်း သို့မှသာ လိုအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိ သူများက စနစ်တကျစီမံခန့်ခွဲ၍ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းပြောကြားရာ ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်ထားရှိမှုအခြေအနေများအား တင်ပြဆေွနွေးပြီး ဒုတိယဗိုလ်ချုပ်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)