အမ်းမြို့ နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အန္တ ရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူ များအား အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့ နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အန္တ ရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူ များအား အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေး





MNP ၊ မေ  ၂၀

 ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမ်းခရိုင်အမ်းမြို့ နယ်အတွင်း  ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အန္တ ရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူ များအား အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှဦးဆောင် မှုဖြင့် ယနေ့ နေလည် ၂ နာရီအချိန်တွင် ရွှေအမ်းတောင်ခန်းမ၌ပြည်သူ များအားထောက်ပံပေး အပ်ခဲ့သည်။


   အမ်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အန္တ ရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အမ်းမြို့ နယ်အတွင်းမှရပ်ကွက် ကျေးရွာအုပ်စု(၁၇ )စုမှအိမ်ထောင်စု၂၇၉ စုလူဦးရေ ၁၁၉၅ ဦးအတွက်ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးအပ်သောအခြေခံစားသောက်ကုန် ဆန်၊ဆီး၊ဆား၊ငပိ စသောထောက်ပံ့ရေးပစ္စည်း( ၄)မျိုးတို့အား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့်ခရိုင်သ ဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ​ေခတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်နှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော် မတီ ဥက္ကဌ ဦးစိုးမင်းထက် တို့က လေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် ပြည်သူ များအား ဆန်၊ဆီ၊ဆား၊ငပိ ရိက္ခာပစ္စည်းများအားထောက်ပံပေး အပ်ခဲ့ကြောင်း သိရသည်။


အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ေခတ္တဥက္ကဌဒုတိယဗိုလ် မှူးကြီးမောင်မောင်ခိုင်နှင့်အဖွဲ့ဝင်များ

 မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်လေဘေးသင့်ပြည်သူ များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)