ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့်တာဝန်ရှိသူများက မြောက်ဦးမြို့နယ် အတွင်းရှိ ဆိုင်ကလုန်းမုန် တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့်တာဝန်ရှိသူများက မြောက်ဦးမြို့နယ် အတွင်းရှိ ဆိုင်ကလုန်းမုန် တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး





MNP ၊ မေ  ၂၀

မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် စာသင် ကျောင်းများအား ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် အဖွဲ့သည် မြောက်ဦးမြို့ပေါ်ရှိ စာသင်ကျောင်းများဖြစ်သော အ.ထ.က (၁)၊ အ.ထ.က(ခွဲ) လ(၁) ၊တောင်ရပ် အ.မ.က (မူလွန်) ကျောင်း များ သို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးနှင့် မျက်နှာကျက် ပျက်စီးသွား သည့် အဆောက် အ ဦးများအား သွားရောက်လှည့်လည် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင် ရန် နှင့် ကျောင်းဖွင့်ရာသီ နီးလာပြီဖြစ်၍ ကျောင်းဖွင့်ရက် မတိုင်မီ ပျက်စီး သွား သည့် ကျောင်းများ အား အမြန်ဆုံး ပြုပြင် ပြီးစီးနိုင်ရန်အတွက် ခရိုင်ပညာရေးမှူး ၊ မြို့နယ် ပညာရေးမှူး နှင့် တာဝန် ရှိသူများကို မှာကြားခဲ့ပြီး လိုအပ် သည်များဖြည့် ဆည်းဆောက် ရွက်ပေးခဲ့သည်။


မြောက်ဦးမြို့ပေါ်ရှိ စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေးရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)