မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေအား စာရင်းကောက်ယူဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေအား စာရင်းကောက်ယူဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ မေ  ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ပျက်စီးဆုံး ရှုံးခဲ့မှု အခြေအနေအား စာရင်းကောက်ယူနိုင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင် ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိ လာ သော ဗိုလ်ချုပ် သောင်းထိုက်ရွှေ မှ မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်အတွင်း ရုံးအဆောက် အဦးများ၊ ဆေးရုံ၊ဆေးပေးခန်းများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေ အိမ်များ စသော လုံးဝပျက်စီးသွားသည့်အဆောက်အဦးများ၊ တစ်စိတ်တစ်ပိုင်းပျက်စီး သွားသည့် အဆောက်အဦးများကို စာရင်းကောက်ယူ ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ် ဆောင်ရွက်ရန် ရောက်ရှိ လာခြင်းဖြစ်ပါကြောင်း၊ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။


ပြီးနောက် နယ်မြေခံတပ်မမှူးမှလည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများအကြောင်းကို ရှင်းလင်းပြေကြားခဲ့ပြီး ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန်ခွဲမှု အဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်မှလည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီး သွားသည့်အခြေအနေ နှင့် ပျက်စီးဆုံးရှုံးမှု စာရင်းအချက်အလက်များ စာရင်းကောက်ယူမှု အခြေ အနေ တို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ နယ်မြေခံတပ်မှူး ၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီဝင်များ ၊ ဌာန ဆိုင် ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကော်မတီအလိုက် လိုအပ်သည်များကို ရှင်း လင်းပြောကြားရာ ဗိုလ်ချုပ် သောင်းထိုက်ရွှေ မှ ကော်မတီအလိုက်ရှင်းလင်းပြောကြားမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost












No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)