MNP ၊ မေ ၂၃
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည်ယနေ့နံနက်၁၀နာ ရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များလိုက်ပါလျက် သစ်ပုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/သူများအား ကျောင်းအပ်နှံနေမှုကို ကြည့်ရှုပြီးဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများအား အားပေးစကားပြောကြားခဲ့သည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉ )ကျောင်း၊အ-ထ-က ခွဲ(၄)ကျောင်း၊အ-လ-က(၉)ကျောင်း၊အ-လ-က ခွဲ(၄)ကျောင်း၊အ-မ-က(၇၈)ကျောင်း၊မူလွန်(၁၃)ကျောင်း၊မူလတန်းကျောင်းခွဲ(၁)ကျောင်းနှင့်ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းစုစုပေါင်း(၁၁၉)ကျောင်းရှိပြီးကျောင်းအပ်နှံရေးနေ့ကိုယခုလ၂၃ရက်နေ့မှ၃၁ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် အဖြစ်သတ်မှတ်ထားကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment