အမ်းမြို့နယ်အတွင်း သဘာဝ ဘေးအ န္တရာယ်ကျရောက်လာပါက ကူညီကယ် ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင် ရွက်နိုင်ရန် လုပ်ငန်းညှှိနိုင်းအ စည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်အတွင်း သဘာဝ ဘေးအ န္တရာယ်ကျရောက်လာပါက ကူညီကယ် ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင် ရွက်နိုင်ရန် လုပ်ငန်းညှှိနိုင်းအ စည်းအဝေးကျင်းပ





MNP ၊ မေ  ၁၂

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၌ သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက  ကူညီကယ် ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် လုပ် ငန်းညှိနိုင်းအစည်းအဝေးကို ခရိုင်၊ မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မ တီဝင်များ၊ ဌာနဆိုင်ရာများနှင့်  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်၍ ယနေ့ နံနက်(၉)နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


 ရှေ့ဦးစွာ အမ်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ခတ္တဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ခေတ္တဥက္ကဌဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်က ဘင်္ဂလားပင်လယ်အော်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပါသဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် အသိပေးပြီး ဖြစ်ပါသဖြင့် အဆိုပါ မုန်တိုင်းသည် ယနေ့မှစ၍ နောက်(၄၈)နာရီအတွင်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟုလည်း ခန့်မှန်းချက် ထုတ်ပြန်ထားပြီးဖြစ်ရာ လက်ရှိအခြေအနေတွင် မုန်တိုင်းသည် လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီမိုင် (၁၁၀)အထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း (၁၃)ပေမှ (၁၆)ပေအထိ ရောက်ရှိနိုင်မည်ဖြစ်ပါသဖြင့် ငါးဖမ်းရေယာဉ် /လှေ/ သင်္ဘောများ အထူးအန္တရာယ်ရှိသည့်အတွက် ယနေ့မွန်းတည့် (၁၂:၀၀)နာရီ အချိန်မှစ၍ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ မည်သည့် ငါးဖမ်းရေယာဉ်/လှေ/ သင်္ဘောများ လုံးဝ (လုံးဝ) မထွက်ရန်၊ ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်ရန်၊ သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု Comm end Center မှ ကော်မတီအဖွဲ့ များက မုန်တိုင်းနှင့်ပတ်သက်သည့်ရွှေ့ ပြောင်းရေး၊ကယ် ဆယ်ရေး၊ ထိခိုက်မှု၊ မုန်တိုင်း သတိ ပေးချက်များ ကြေညာမှု၊မုန်တိုင်းဝင်ရောက်မှု အခြေအနေ၊ပြန်လည်ထူထောင်ရေးစသည့် မုန်တိုင်းနှင့်ပတ်သက်သည့် သတင်းများ ရယူ/ ပေးပို့ခြင်း၊မုန်တိုင်း ဖြစ်ပွားပြီးချိန်တွင် ထိခိုက် ပျက်စီးမှုများအား အချိန်နှင့်တစ်ပြေးညီရရှိ၊ ပေးပို့ရန် လိုအပ်သဖြင့် ဆက်သွယ်မှု ပြတ်တောက်မှူ မရှိစေရေး အလေး ထားဆောင်ရွက်ရန်၊သ တင်း များဆက်သွယ်ပေးပို့နိုင်ရန် ပြောကြားခဲ့သည်။


   ထို့နောက် အမ်းခရိုင် ခေတ္တခရိုင်အုပ် ချုပ် ရေးမှူးဦးသန်းဝင်း နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ မြိုနယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးစိုးမင်းထက်က မြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကူညီဆက်သွယ်ဆောင် ရွက်ရမည့်လုပ် ငန်းများ၊ လိုအပ် သည့်ကူညီဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်ထားရှိမှု၊အသိ ပညာပေးလုပ်ငန်းများ ကြိုတင်ဆောင် ရွက်နေမှု၊ Cyclone Shelter များတွင် ခိုလှုံနိုင်မည့် လူအင်အားအခြေအနေနှင့် ပြင် ဆင်မှုများ၊ အရေးပေါ်ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဖွဲ့စည်းထားရှိမှုအခြေအနေ များကိုရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် သက် ဆိုင်ရာ လုပ်ငန်းကော်မတီ အသီး သီးမှ တာဝန်ရှိသူများက မိမိတို့ကော်မတီများ၏ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေး နွေးခဲ့ရာ အမ်းခရိုင် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ​ေခတ္တဥက္ကဌက တင်ပြချက်များအပေါ်ပေါင်း စပ်ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။


      ဆက်လက်ပြီးမြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီများမှဆန်၊ဆီ၊ဆား၊ငပိရိက္ခာပစ္စည်းများအသင့်စုဆောင်းလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)