မြန်မာ ၀ - ၂ ဗီယက်နမ် ဗိုလ်လုပွဲ (ငွေဖလားနဲ့သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ ၀ - ၂ ဗီယက်နမ် ဗိုလ်လုပွဲ (ငွေဖလားနဲ့သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ)



ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိတဲ့ Sea Game ပြိုင်ပွဲကြီးမှာ အမျိုးသမီးဘောလုံးပြိုင် ဗိုလ်လုပွဲကြီးကို မြန်မာအမျိုးသမီးအသင်း နဲ့ ဗီယက်နမ်အမျိုးသမီးအသင်းတို့ ယနေ့ ညမှာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။  ပွဲစတယ်ဆိုရင်ပဲ မြန်မာအသင်း ဘီးကုတ်စက်ဝိုင်းအနီးမှာ ပြစ်ဒဏ်ဘောတစ်လုံး ပေးလိုက်ရပါတယ်။ ဗီယက်နမ်အသင်းကလည်း လှလှပပ သွင်းယူဖို့ ကြိုးစားပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။ မြန်မာအသင်းဟာ ဂိုးသွင်းယူနိုင်ဖို့ အပြင်းအထန် ကြိုးစားလာပါတယ်။

ခြေစွမ်းပိုင်းမှာတော့ ဗီယက်နမ်က ပိုပြီး သာနေတယ်လို့ ပြောရပါမယ်။ အဖွင့်ဂိုးကို ဗီယက်နမ်က စတင်သွင်းယူသွားပြီး တောက်လျှောက်ဆိုသလို ဖိအားပေးကစားလာပါတယ်။ ၁၆ မိနစ်မှာပဲ မြန်မာအသင်းက လူစားလှဲမှု စတင်လုပ်ဆောင်လာပါတယ်။ ၁၈ မိနစ်မှာ ထောင့်ကန်ဘောတစ်လုံး မြန်မာအသင်းက ရရှိခဲ့ပါတယ်။ အသင်းခေါင်းဆောင် ခင်မာလာထွန်း ကန်တင်ပေးတဲ့ ဘောကို ခေါင်းတိုက်သွင်းယူဖို့ ကြိုးစားပေမယ့် လန်ထွက်သွားခဲ့ရပါတယ်။

မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းက တစ်ဖက်အသင်းက အင်္ကျီစွဲထားတဲ့အတွက် ပြစ်တန်ဘောတစ်လုံး ဂိုးစည်းနဲ့ မလှမ်းမကမ်းမှာ ရရှိခဲ့ပါတယ်။ ခင်မာလာထွန်း အဝေးကစ်နဲ့ ဂိုးရယူဖို့ ကြိုးစားရာမှာ လွဲချော်သွားခဲ့ပါတယ်။ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်ပါတယ်။ မြန်မာအသင်းသူတွေလည်း ကြိုးစားကြပါတယ်။ ဗီယက်နမ်အသင်းသူမျာက ပိုပြီး သွက်နေပါတယ်။ ဗီယက်နမ်အသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို မြန်မာဂိုးသမားအနေနဲ့ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ 

ပွဲချိန် ၃၇ မိနစ်မှာ မြန်မာအသင်းရဲ့ ဘီးကုတ်စက်ဝိုင်းအနီးမှာ ပြစ်ဒဏ်ဘော ထပ်ပေးရပြန်ပါတယ်။ ပြစ်ဒဏ်ဘောကန်သွင်းတာကို အကောင်းဆုံး ကာကွယ်နိုင်ပြီး တန်ပြန်ထိုးဖောက်ရာမှာတော့ ကန်တင်ပေးပို့မှု ကောင်းပေမယ့် ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး။ ချေပဂိုး သွင်းယူနိုင်ဖို့ ကြိုးစားပေမယ့်လည်း တန်ပြန်တိုက်စစ်ကို စိုးရိမ်နေရတဲ့ အနေအထားမှာ မြန်မာအသင်းအတွက် အခက်တွေ့စေခဲ့ပါတယ်။ 

ဗီယက်နမ်အသင်း ရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေက ကြောက်စရာကောင်းသလို မြန်မာအသင်းအနေနဲ့လည်း ခြေပဂိုး ရရှိဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ပထမပိုင်း ထပ်ဆောင်းအချိန်ပို ၄မိနစ်ပေးခဲ့ပါတယ်။ 

ဒုတိယပိုင်း စတယ်ဆိုရင်ပဲ မြန်မာအသင်းက ကြောက်ခမန်းလိလိ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လာပါတယ်။ အပေးအယူ အချိတ်အဆက် ပိုမိလာပါတယ်။ ဗီယက်နမ်ဘက်ကလည်း အနိုင်ဂိုးတွေ ထပ်မံရယူဖို့ ကြိုးစားနေမြဲပဲ ဖြစ်ပါတယ်။ မြန်မာအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ပေမယ့် တစ်ဖက်အသင်းကတော့ တစ်လုံးဆို ဆိုသလောက် ဂိုးပေါက်ကို ခြိမ်းခြောက်နေပါတယ်။

ဗီယက်နမ်အသင်းရဲ့ ထိုးစစ်ဆင်မှုတွေကို မြန်မာဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ပေလို့သာပေါ့။ ထောင့်ကန်ဘောကနေ တစ်ဆင့် ခင်မာလာထွန်း ခေါင်းတိုက်ခွင့်ရလိုက်တဲ့ တစ်လုံးဟာလည်း အရမ်းကြီး အောက်စိုက်လိုက်တဲ့အတွက် ဂိုးပေါက်မဝင်ဘဲ ဘေးထွက်သွားခဲ့ရပါတယ်။ နောက်တန်းက ကျွံထွက်တာတွေကလည်း မနည်းပါဘူး။ ပွဲချိန် ၇၁ မိနစ်မှာ ဗီယက်နမ်အသင်း က အဓိက ရှေ့တန်းလူအသင်းခေါင်းဆောင်ကိုပါ ထုတ်ပယ်ပြီး နောက်ခံအင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ ဦးဆောင်ဂိုးပေးပြီး လိုက်ကစားရတာ စိတ်ပန်းလူပန်း ဖြစ်ရပါတယ်။ ၇၅မိနစ်မှာတော့ ဗီယက်နမ် က ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားပြန်ပါတယ်။ ထိုင်းနဲ့ ပွဲစဉ်မှာ မြန်မာအသင်းက နံပါတ် ၁၇ သွင်းယူလိုက်တာနဲ့ တစ်ပုံစံတည်းပါပဲ။

မိနစ် ၈၀ မှာ မြန်မာအသင်းက နံပါတ် ၁၇ ကို ထည့်သွင်းလာပါတယ်။ ဗီယက်နမ်အသင်းဘက်က ကစားအား ကျမသွားဘဲ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ တလစပ်လုပ်ဆောင်နေပေမယ့် မြန်မာအသင်းရဲ့ တိုက်စစ်က ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု အားနည်းနေခဲ့ပါတယ်။ မိနစ် ၉၀ အထိ ဦးဆောင်ဂိုး ၂ဂိုး ပေးထားရပါတယ်။ ထပ်ဆောင်း အချိန်ပို ၅မိနစ်သာ ပေးခဲ့ပါတယ်။ မြန်မာအသင်းသူတွေလည်း ဆက်တိုက်ဆိုသလို တိုက်စစ်ဆင် ဖိအားပေးခဲ့ပါတယ်။ ဗီယက်နမ်အသင်းရဲ့ နောက်တန်းကလည်း တိုးမပေါက်ပါဘူး။

မည်သို့ပင် ဆိုစေ မြန်မာအသင်းသူတွေ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားရင်းက ရွှေဖလားကြီးနဲ့ လွဲချော်ခဲ့ရပါတယ်။


#MyanmarNationalPost

No comments:

Post a Comment