ချောက်မြို့တွင် ဗုဒ္ဓဘာသာအ‌ခြေခံ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့တွင် ဗုဒ္ဓဘာသာအ‌ခြေခံ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား




MNP ၊ မေ  ၁၇

မ‌ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ဗုဒ္ဓဘာသာအ‌ခြေခံယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ​ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်က အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များ ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို စနစ်တကျ လေ့လာသင်ယူပြီး လိမ္မာယဉ်ကျေးမှုရှိစေရန်၊ မြန်မာ့ယဉ်ကျေးမှုကို သိရှိနားလည်ထိန်းသိမ်းတတ်စေရန်၊ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း တည်ဆောက်နိုင်​စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာအ‌ခြေခံ ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထိုနောက် ခရိုင်မိသားစုစည်းရုံး‌ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ဒေါ်ဝါဝါလှိုင်မှ ဗုဒ္ဓဘာသာအ‌ခြေခံယဉ်ကျေးလိမ္မာသင်တန်းသား/သင်တန်းသူများအား သင်တန်းကို စိတ်ပါဝင်စားစွာ​ဖြင့် မပျက်မကွက် တက်ရောက်သင်ကြားရေးနှင့် လေ့လာသင်ယူရေး မှာကြားခဲ့သည်။


ဆက်လက်၍ ဗုဒ္ဓဘာသာအ‌ခြေခံယဉ်ကျေးလိမ္မာသင်တန်း ဆရာမ​ ဒေါ်သိင်္ဂီဝင်းက သင်ကြားမည့်ဘာသာရပ်များနှင့် သင်တန်းအချိန်ဇယားများအား ရှင်းလင်း ပြောကြား​ခဲ့သည်။


အဆိုပါ ဗုဒ္ဓဘာသာအ‌ခြေခံယဉ်ကျေးလိမ္မာသင်တန်းသို့ ခရိုင်/မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာ အ‌ခြေခံယဉ်ကျေးလိမ္မာသင်တန်း နည်း​ပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူ ( ၅၀) ဦး တက်ရောက်တက်ရောက်ခဲ့ပြီး သင်တန်းကို မေလ (၁၇) ရက်နေ့မှ မေလ(၁၉) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်မိုး

 https://t.me/MyanmarNationalPost










No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)