ပန်ဆိုင်း(ကြူကုတ်)မြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်ဘုတ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်ဆိုင်း(ကြူကုတ်)မြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်ဘုတ်ပြသ


MNP ၊ မေ  ၁၇

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးကြိုကာလတွင်ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိကြစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ(၃)နာရီအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်း နံရံကပ်ပြဘုတ်များတွင် ပြည်သူများအား အသိပညာပေး ပြသခဲ့သည်။


အဆိုပါနံရံကပ်ပြဘုတ်တွင် မုန်တိုင်းဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းကျရောက်ဆဲနှင့် ကျရောက်ပြီးအချိန်များတွင် လုပ်ဆောင်ရမည့်အချက်များ၊ မုန်တိုင်းအန္တရာယ်အား ကြိုတင်သိရှိနိုင်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်စေရန် ပြည်သူများအနေဖြင့် သဘောပေါက်လွယ် စေသည့် အရောင်ဖြင့် သတိပေးစနစ်များပါရှိသည့် အချက်များကို ပြသထားလျက်ရှိပြီး လမ်းသွားလမ်းလာ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလာရောက် လေ့လာကြည့်ရှုကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment