ပေါက်ခေါင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်‌ရေးပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်‌ရေးပစ္စည်းများပေးအပ်


MNP ၊ မေ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းသဖြင့် ကျေးရွာအုပ်စုများတွင် လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ထောက်ပံ့ပေးရန်ကျန်ရှိနေသည့် လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦး‌ဇော်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်‌ခြေနီအသင်းမှတာဝန်ရှိသူများက ယနေ့နေ့လယ်ပိုင်းက  လေဘေးသင့်အိမ်‌ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက  ပေါက်ခေါင်းမြို့နယ်‌ကျေးရွာအုပ်စု(၈)အုပ်စုမှ အမိုးလန်နေအိမ်(၁၇)လုံးနှင့် သစ်ပင်ပိနေအိမ်(၁)လုံးတို့အတွက်‌ပေးအပ်ခဲ့ရာ အမိုးလန်သည့်နေအိမ်များအတွက် အိမ်အမျိုးအစားပေါ်မူတည်၍ နေအိမ်တစ်လုံးအတွက်ကျပ် ၂၀၀၀၀/- မှ ၃၀၀၀၀/-နှင့် ဆန်ရိက္ခာဖိုးမိသားစုဝင်တစ်ဦးလျှင် နှစ်ထောင့်တစ်ရာကျပ်၊ သစ်ပင်ပိနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၂၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၆၈၂၈၀၀ိ/-)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပေးအပ်သည့်  ပြိုလဲနေအိမ်အတွက် Hygienekit တစ်စုံစီတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းမှတာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)