နောင်မွန်းမြို့၌ ဒေသဝမ်းစာဖူလုံရေးအတွက် အထူးအထွက်နှုန်းတိုး ဆင်ဧရီ-၃ မျိုးစပါး (၃၂၀)တင်းအား တောင်သူများထံ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်မွန်းမြို့၌ ဒေသဝမ်းစာဖူလုံရေးအတွက် အထူးအထွက်နှုန်းတိုး ဆင်ဧရီ-၃ မျိုးစပါး (၃၂၀)တင်းအား တောင်သူများထံ ထောက်ပံ့


MNP ၊ မေ  ၁၇

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဒေသတွင်းဝမ်းစာဖူလုံရေးနှင့် တောင်သူများ မိသားစုဝင်ငွေ တိုးပွားလာစေရန် အတွက် တောင်သူများအား အထူးအထွက်နှုန်းတိုး ဆင်းဧကရီ-၃ မျိုးစပါး ထောက်ပံ့ခြင်းနှင့် စိုက်ပျိုး တောင်သူ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က တောင်သူများအနေဖြင့် ဒေသမျိုးစပါး အစား အထူးအထွက်တိုး ဆင်းဧကရီ-၃မျိုးစပါးကို ပြောင်းလဲစိုက်ပျိုးရန်နှင့် ဒေသဝမ်းစာဖူလုံရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသိန်းက မျိုးကောင်း မျိုးသန့်နှင့် စပါးအထွက်နှုန်းတိုး စပါးစိုက်နည်းများ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ် သုံးစွဲနည်းများကိုလည်းကောင်း၊ သမဝါယမ ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦး ကျော်ဇေယျက သမဝါယမ ကုန်ထုတ်ကုန်သွယ်ဝန်ဆောင်မှုနှင့် သမဝါယမလုပ်ငန်း ဆိုင်ရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနမ်ရဲမင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူ များအား အထူးအထွက်တိုး ဆင်းဧရီ-၃မျိုးစပါး(၃၂၀)တင်းကို ထောက်ပံ့ပေးအပ်သည်။ အဆိုပါ အခမ်းအနားကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စိုက်ပျိုးတောင်သူများ (၉၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)