ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ပြုလုပ်


MNP ၊ မေ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ မေလ ၁၈ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အတွက် ပြတိုက်များသည်လူအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအရေးပါသည်ကို ပြည်သူလူထုပိုမိုသတိပြုလာစေရန်ရည်ရွယ်၍ သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။


ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က အဆိုပါ Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာရေးဆရာအသင်းမှဥက္ကဋ္ဌ မျိုးမြင့်ဆန်း(Positive Attitude)က ပြတိုက်ဆိုသည်မှာ မြတ်နိုးတန်ဖိုးထားသင့်သော ပစ္စည်းများကို စုဆောင်းပြသထားသောနေရာနှင့် လူထုပညာပေးဌာနတစ်ခုဖြစ်ပြီး ပြတိုက်များဖြစ်ပေါ်လာရသည့်အကြောင်းအရင်း ၆ ချက်၊ ကမ္ဘာ့ဒေသနိုင်ငံအသီးသီးတွင် ပြတိုက်များထွန်းကားပေါ်ပေါက်လာကြပုံ၊ ကမ္ဘာပထမဆုံးပြတိုက်ဖွင့်လှစ်ခဲ့ပုံ၊ ကမ္ဘာပေါ်၌ထင်ရှားသောပြတိုက်ကြီးများ၊ မြန်မာနိုင်ငံရှိပြတိုက်များအကြောင်းနှင့်ပြတိုက်များ၏ လူထုအကျိုးပြုမှုများစသည့်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စာရေးဆရာအသင်း Facebook Page တို့တွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဇွဲမင်းထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)