မြဝတီမြို့၌ ပိုက်ဆံလျှော်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ ပိုက်ဆံလျှော်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား ကျင်းပ




MNP ၊ မေ  ၁၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အင်ကြင်းမြိုင်ကျေးရွာတွင် သီးနှံစိုက်ခင်းအတွင်းထည့်သွင်းမည့် ထုံးပေးအပ်ခြင်း၊ ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ)ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်းသိရသည်။


ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာ ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားအားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် အဓိက အရေး ပါတဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ပေးစေလိုပါ​ကြောင်းနှင့် အခက်အခဲရှိပါကလည်း တင်ပြပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်နိုင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းရွှေက သစ်စိမ်းမြေသြဇာ စိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက တောင်သူများအား (ပိုက်ဆံလျှော်)မျိုးစေ့နှင့် စိုက်ခင်းအတွင်း ထည့်သွင်းမည့် ထုံးများပေးအပ်သည်။


ဆက်လက်ပြီး စိုက်ခင်းအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးမှု လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိန်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment