ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ Grade-9 သင်ရိုးသစ်တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ Grade-9 သင်ရိုးသစ်တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP ၊ မေ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အ‌ခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် ပညာရေးဝန်ကြီးဌာန၊ အ‌ခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ Grade-9 သင်ရိုးသစ် တိုင်းဒေသကြီး အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သင်္ကန်းကျွန်းခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်က Grade-9 သင်ရိုးသစ်ဘာသာရပ်ဆိုင်ရာများ၊ အခြေခံသဘောတရားများ၊ သင်ရိုးသစ်ကျောင်းသုံးပြဌာန်းစာအုပ်နှင့် ဆရာကိုင်လမ်းညွှန်စာအုပ်အသုံးပြုပုံများကို နားလည်သဘောပေါက်စေရန်ရည်ရွယ်ပြီး Grade- 9  သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊  တိုင်းဒေသကြီးအတွင်းရှိ သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်နှင့် ဗိုလ်တထောင်ခရိုင်တို့မှ အလယ်တန်းအဆင့် ဆရာ/ဆရာများကို ဗဟိုအဆင့်သင်တန်းနှင့် ဆင့်ပွားသင်တန်းများ တက်ရောက်ခဲ့ကြသော ဆရာ/ဆရာများက သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒဂုံမြို့သစ်ခရိုင် ပညာရေးမှူး ဦးငွေသူရမှ အမှာစကားဆက်လက်‌ ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်နန်းစန္ဒာအောင်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်နှင့် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်(၁၃)မြို့နယ်မှ အလယ်တန်းအဆင့် ဆရာ/ဆရာမများ၊ ကျောင်းအုပ်ကြီးများ စုစုပေါင်း(၁၅၈၄)ဦး တက်ရောက်ကြပြီး   အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်   အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် မေလ ၁၇ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ  သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သတင်းရရှိသည်။


မြင့်မြင့်ရီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)