တောင်ငူမြို့၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


MNP ၊ မေ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဆင့်ပွားသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။


အဆိုပါအခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာဆင့်ပွားသင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသူ (၃၀)ဦးတက်ရောက်သင်ကြားခဲ့ပြီး ၁၁-၅-၂၀၂၃ ရက်နေ့မှ ၁၅-၅-၂၀၂၃  ရက်နေ့အထိ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ၊ မင်္ဂလသုတ်တော်ကျင့်စဉ်နှင့် ဗုဒ္ဓဖြစ်စဉ်တော်တို့ကို သင်ကြားပို့ချခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)