ပဲခူးမြို့၌ “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊ မေ  ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍  “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဥ်ကို ယနေ့နေ့လယ် ၁ နာရီက ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး‌ ဒေါ်ယဥ်ယဥ်နုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတိုင်း‌ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်တင်ဝင်းက ယနေ့ကမ္ဘာတွင် ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအများစု၏ (၉၀%)ခန့်သည် သဘာဝအကြောင်းတရားများထက် လူများ၏လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာရကြောင်း၊ ထိုအထဲတွင် ပလတ်စတစ် ညစ်ညမ်းမှုသည် တစ်ခုအပါအဝင်ဖြစ်ကာ မြို့ပြ၏ သန့်ရှင်းသာယာလှပမှုကို ထိခိုက်စေခြင်း ရေမြောင်းနှင့် နောက်ဖေးလမ်းကြားများအတွင်းသို့ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရေမြောင်းများပိတ်ကာ မကြာခဏရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်သာမက မြေထုကိုပါ ညစ်ညမ်းစေခြင်း မြေဆီလွှာထဲတွင် နှစ်ပေါင်း(၅၀၀-၁၀၀၀)ခန့်ကြာ မှ ဆွေးမြေ့နိုင်ပြီး အလွယ်တကူ ပြိုကွဲပျက်စီးမှု မရှိခြင်း၊ စိုက်ပျိုးမြေများထိခိုက်စေနိုင်ခြင်း၊ အပင်ကြီးထွားနှုန်း၊ အသီးအထွက်နှုန်းများ ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။ ရေထုညစ်ညမ်းစေခြင်း ရေမြောင်းများမှတဆင့် မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိသွားပြီး ကမ္ဘာ့ရေထုကို ညစ်ညမ်းစေခြင်း၊ ရေနေသတ္တဝါများမှ အစာအမှတ်ဖြင့် စားသုံးမိပြီး ဂေဟစနစ်များကိုပျက်စီးစေခြင်း၊ ရေအရည် အသွေးကျဆင်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ပလတ်စတစ်ပစ္စည်းများကို မီးရှို့ရာမှ လေထုညစ်ညမ်းစေပြီး အီသိုင်လင်း အောက်ဆိုဒ်နှင့် ဒိုင်အောက်စင်ဓာတ်ငွေ့များကဲ့သို့ အဆိပ်ဓာတ်ငွေ့များထွက်ရှိခြင်း၊ ၎င်းဓာတ်ငွေ့များကို ရှူရှိုက်မိပါက လူတို့၏ သွေးနှင့်ဆီးများအတွင်းသို့ ရောက်ရှိပြီး ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ကြောင်းတို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)