ညောင်လေးပင်မြို့တွင် ကျေးလက်အိမ်ရာထူထောင်ရေးနှင့် လူထုဖြန့်ပျိုးဥယျာဥ်၌ပျိုးပင်မျိုးစုံ ၃၀၀၀၀ ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့တွင် ကျေးလက်အိမ်ရာထူထောင်ရေးနှင့် လူထုဖြန့်ပျိုးဥယျာဥ်၌ပျိုးပင်မျိုးစုံ ၃၀၀၀၀ ပျိုးထောင်ထားရှိ


MNP ၊ မေ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် သစ်တောဦးစီးဌာနက၂၀၂၃-၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအရ ပျိုးပင်များကို ကျေးလက်အိမ်ရာထူထောင်ရေးနှင့် လူထုဖြန့်ပျိူးဥယျာဥ်၌  လူထုဖြန့်(ပျိုးပင်ပေါင်း ၃၀၀၀၀ ) ပျိုးထောင်ထားရှိကြောင်းသိရသည်။


လူထုဖြန့်ပျိုးဉယျာဉ်တွင် ကျွန်း ၁၀၀၀၊ မန်ဂျန်ရှား ၂၀၀၀၀၊ ယူကလစ် ၇၀၀၀၊ မဟော်ဂနီ ၅၀၀၀၊ ခရေ ၅၀၀၊ စုစုပေါင်းပျိုးပင် ၃၀၀၀၀ ကိုစိုက်ပျိုးထားခြင်းဖြစ်သည်။


ယင်းပျိုးပင်များကို တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ သစ်ပင်သစ်တော၏ တန်ဖိုးကိုသိရှိစေရန်နှင့် သစ်တောထိန်းသိမ်းရေးတွင် ပူးပေါင်းပါ၀င်လာစေရန် အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ရွှေစေတီဘုန်းကြီးကျောင်းဝန်းအတွင်းနှင့် နဘဲပင်-ဝင်္ဂဘော်ကျေးရွာချင်းဆက်လမ်းဘေး ဝဲ၊ ယာတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment