ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော် (လေ) မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော် (လေ) မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်


MNP ၊ မေ ၁၇

တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမုခါ (MOCHA) တိုက်ခိုင်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ရေး၊လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များကလှူဒန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောင်ပံ့ရေးအစ္စည်းများ၊ အမျိုသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့်ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဘီစကစ်အထုပ်ကြီး ၆၉၅ ထုပ်ကိုတင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ရိက္ခာထုပ် ၄၀၀ ထုပ်ကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ရိက္ခာထုပ် ၂၅၀ ထုပ်၊ ကူညီကယ်ဆယ် ရေးပစ္စည်းများ တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေ လေဆိပ်သို့ တတိယအကြိမ်အဖြစ်လည်းကောင်း၊ ဆန် ၁၅၀ အိတ်၊ ရေသန့် ဆေးပြား ၁၉ ဖာ၊ ဆေးမျိုးစုံ ၁၆၉ ဖာတိုကိုတင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ စတုတ္ထအကြိမ်အဖြစ်လည်းကောင်း သွားရောက်ပို့ဆောင်ပေးသည်။

အလားတူ သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ကူညီကယ်ဆယ်ရေးအင်အား ၄၁၈ ဦးနှင့် စားသုံးဆီများ၊ တာလပတ် လိတ်များ၊ မီးစက်အကြီး/အသေးများ၊ ရေသန့်ကတ်များ၊ ဆန်အိတ်များ၊ အိမ်ဆောက်ပစ္စည်းများ၊ Chain Saw များ၊ ရေသန့်ဘူးများ၊ ကော်ဇောလိတ်များ၊ ဆေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့အဖွဲ့လိုက်ခွဲ၍ တပ်မတော်လေယာဉ်များဖြင့် ၉ ခေါက်ပို့ဆောင်ပေးခဲ့သည်။

ယနေ့တွင် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပစ္စည်းများကို တပ်မတော်မှလေယာဉ်များဖြင့် ပို့ဆောင်မှုမှာ နေပြည်တော်မှ စစ်တွေမြို့ သို့ ၄ ကြိမ်၊ ရန်ကုန်မြို့ မှစစ်တွေမြို့ သို့ ၉ ကြိမ်ဖြစ်ကြောင်းနှင့် လိုအပ်သည်များ ဆက်လက် ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်သည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)