စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကျေးရွာ၊ မန္တလေး-မုံရွာလမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၀/၂)တွင် ယာဉ်တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကျေးရွာ၊ မန္တလေး-မုံရွာလမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၀/၂)တွင် ယာဉ်တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံး





MNP ၊ မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကျေးရွာ၊ မန္တလေး-မုံရွာလမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၀/၂)တွင် ယန့ ၁၂ ၂၅ အချိန်ခန့်၊ SURF အမျိုးအစား(ခဲရောင်)ယာဉ်(၁)စီးသည် ရေဆိုးထုတ်ချောင်းတံတားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရမ်းအား ဝင်ရောက်တိုက်မိပြီး ချောင်းအတွင်းထိုးကျမှုဖြစ်ပေါ်ခဲ့ပြီး ယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။

စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသံဃာ(၁)ပါး၊ ကျား(၂)ဦးအနက် ယာဉ်မောင်းကျား(၁)ဦး(သေဆုံး)၊ ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နှင့် သံဃာ(၁)ပါး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား အိုးဘိုလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် စစ်ကိုင်းကုတင်၂၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment