မြောက်ဦးမြို့ အထင်ကရဘုရားစေတီပုထိုးများဖြစ်သော သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ် ၊လေး မျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်မုဒ်ဦးဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ အထင်ကရဘုရားစေတီပုထိုးများဖြစ်သော သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ် ၊လေး မျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်မုဒ်ဦးဖွင့်လှစ်








MNP ၊ မေ ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့အတွင်းရှိ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေး မှုနယ်မြေအတွင်းရှိအထင်ကရစေတီ၊ပုထိုးများဖြစ်သော သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်လေး မျက်နှာ  ဘု ရား များ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီ ခွဲအချိန်က ပွဲတော်အဝင်မုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဒုတိယဗိုလ်မှူး ကြီး တင်ထူးလှိုင်၊နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုး စိုးသက် နှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊သျှစ်သောင်းဂေါပက ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊မြိုမိမြို့ဖများ၊ ရပ်ကွက်အုပ် ချုပ် ရေး မှူး များ တက်ရောက်ကြသည်၊၊ယင်းနောက် မုဒ်ဦးဖွင့်ပွဲကို ဆက်လက်ကျင်းပရာ နယ်မြေခံ တပ်မ မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်၊  ဂေါပက ဥက္ကဌ ဦးစောရွှေမောင်၊ ဗုဒ္ဓပူဇနိ ယပွဲတော်ကျင်းပရေး ဦးစီးကော်မတီဝင် ဦးဘိုချေ တို့က ဘုရားပွဲတော်အဝင်မုဒ်ဦးအား ဖဲကြိုး ဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ထို့နောက် သျှစ်သောင်း၊ထုက္ကန်သိမ်၊အံတော်သိမ်၊လေးမျက်နှာ ဘုရား များ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော် ဆက်လက်ကျင်းပရာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံ ဃာ တော် အရှင်သူမြတ် များနှင့်ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွက်ဆို၍ ဘုရားရှင် အား ရှိခိုးကန်တောပြီး အခမ်း အနားကို ဖွင့်လှစ်ပြီးကြွရောက်လာကြကုန်သောလူ ပရိသတ်များက ဩကာသကထာဖြင့် ဆရာ ကန်တောကြကာ အောင်မင်္ဂလာကျောင်းတိုက် နိုင်ငံတော် ဩဝဒါ စ ရိ ယ ၊သာသနာရေး ဓမ္မာစရိယ၊ မဟာဂန္တဂါစကပဏ္ဍိ၊အဂ္ဂမဟာပဏ္ဍတိ၊ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တပညာသာမိ အရှင် သူမြတ်ထံမှ လူပရိတ်သတ်များက ငါးပါးသီလ ဆောက် တည် ကြသည်၊၊


ဆက်လက်၍ ပင့်ဖိတ် ထား သော သံဃာတော်အရှင်သူမြတ်များကမေတ္တာသုတ်ပရိတ် တရားတော်များ ချီးမြှင့်ပေးပြီး ဗုဒ္ဓဂုဏ်ရည် ကျောင်းဆရာတော်အရှင်သူမြတ်မှ ပဌာန်းအနု မောဒ နာဂါထာတော်ကို ရွှတ်ဖတ် ပူဇော်ခဲ့သည်။ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီးနောက် အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်အရှင်သူမြတ်ထံမှ ရေစက်သွန်းချအမျှပေးဝေကြကာ မြောက်ဦးမြို့ ရတနာပုံကျောင်းတိုက်ဆရာတော် အရှင်သူမြတ်မှ နတ်ဗြာဟ္မာများကို ပြန်လည်ပို့ဆောင်ပေးရာ ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋာတု ၃ ကြိမ်ရွက်ဆိုကာ  အခမ်းအနားကို ရုတ်သိမ်းခဲ့ သည်။


ထို့နောက် သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်လေး မျက်နှာ  ဘု ရား များ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယပွဲတော်အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို အောင်တပ်ချောင်းအတွင်း၌ ဆက်လက်ကျင်းပရာ ငါးသားပေါက်အကောင် (၉၅၀) ကို နယ်မြေခံတပ်မမှူး၊ဌာနဆိုင်ရာများ၊ သျှစ်သောင်းဂေါပကအဖွဲ့ဝင်များက ငါးများအား ဇီဝိတဒါနအဖြစ် သဘာဝရေပြင်သို့ လွှတ် ပေး ခဲ့ ကြသည်။


ရခိုင်ရိုးရာ ပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ဂေါပကဥက္ကဌမှ အဖွင့်အမှာစကားပြောကြား၍ ပြိုင်လောင်းပွဲ ကျင်းပရေး ကော်မတီဥက္ကဌမှ ပြိုင်ပွဲနှင့်ပတ်သတ်သော စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့ပြီးနောက် မင်္ဂလာပြိုင်လောင်း အဖြစ် ဘောင်းဒွတ်လှေလှော်အသင်းနှင့်  ပြောင်းပေါ်လှေလှော်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ 


ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကိုဆက်လက်ကျင်းပရာ ကျင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဌ မှ ကျင်ပြိုင်ပွဲနှင့်ပတ်သက်သော စည်းကမ်းချက်များကို ပြောကြားခဲ့ပြီးနောက် မင်္ဂလာကျင် အဖြစ် မြောက်ဦး မြို့နယ်အတွင်းရှိ ကျင်ဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)