ကျိုက်ထိုမြို့နယ်၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) တွင် ညောင်ရေသွန်း‌ပွဲမင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) တွင် ညောင်ရေသွန်း‌ပွဲမင်္ဂလာအခမ်းအနားကျင်းပ







MNP ၊ မေ ၃

     မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင်နှစ်စဉ် ကျင်းပမြဲဖြစ်သည့်ကဆုန်လပြည့် ဗုဒ္ဓနေ့၌ မြို့နယ်လုံးဆိုင်ရာ  ညောင်ရေသွန်းပွဲ မင်္ဂလာအခမ်းအနားကိုမေလ ၃ ရက် ညနေ ၃ နာရီတွင် မြို့နယ်ရွှေဘုံသာဘုရားဝင်းရှိမဟာဗောဓိညောင်ပင် ၌စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။


     အဆိုပါညောင်ရေသွန်းလောင်းပွဲသို့ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်နိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ၊ရပ်ဖများနှင့်လူမှု ရေးအသင်းအဖွဲ့များက ညောင်ရေသွန်းလောင်း၍ကုသိုလ်ဒါနပြုလုပ်ခဲ့ကြ‌ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)