မာန်အောင်မြို့နယ် ကုန်းခင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်းဝင်းအတွင်း ဗုဒ္ဓဂယာမှထိုင်တော်မူဘုရားပုံတူရုပ်ပွားတော်တည်ထားကိုးကွယ်ရန်ပန္နက်တော်တင်အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် ကုန်းခင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်းဝင်းအတွင်း ဗုဒ္ဓဂယာမှထိုင်တော်မူဘုရားပုံတူရုပ်ပွားတော်တည်ထားကိုးကွယ်ရန်ပန္နက်တော်တင်အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပ





MNP ၊ မေ ၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကုန်းခင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်း ဆရာတော်ဘဒ္ဒန္တပညိန္ဒ၏သြဝါဒကိုခံယူ၍သျှင်သံဝရနှင့်တပည့်/တကာများ တည်ထားကိုးကွယ်မည့်ဉာဏ်တော်အမြင့်(၉)ပေရှိ ဘုရားပွင့်ရာ ဗုဒ္ဓ ဂယာမှ ထိုင်တော်မူဘုရားပုံတူ ရုပ်ပွား ဆင်းတုတော် တည်ထားကိုးကွယ်နိုင်ရန် ပန္နက်တော်တင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၇)နာရီက အဆိုပါကျောင်းတိုက်ဝင်း၌ ကျင်းပခဲ့သည်။


    အခမ်းအနားကို``နမောတဿ´´သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး မင်္ဂလာ အချိန်အခါကျရောက်သည်နှင့်တပြိုင်နက် ကုန်းခင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်း ဆရာတော်ဘဒ္ဒန္တပညိန္ဒကြီးမှူးသောသံဃာတော်(၉)ပါးက``ဇယန္တောဗောဓိယာမူလေ´´အောင်ဂါထာတော်ကို ရွတ်ဆိုကြပြီး အလှူရှင်များက ရတနာရွှေအုတ် ငွေအုတ်များဖြင့်အုတ်မြစ်ချပူဇော်ကြပြီး အမွှေးနံ့သာရည်ပက်ဖျန်းပူဇော်ခဲ့ကြသည်။


      ထို့နောက် ပင့်ဖိတ်သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိတ်သတ်များအားဆွမ်းဘောဇဥ် အဟာရများဖြင့်ဧည့်ခံ ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)