လယ်ဝေးမြို့ ဖောင်တော်ချမဘုရားတွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့ ဖောင်တော်ချမဘုရားတွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ






MNP ၊ မေ ၃

နေပြည်တော်၊ လယ်ဝေးမြို့၏ အထင်ကရ ဖောင်တော်ချက်မစေတီတွင် ဘုရားဖူးပြည်သူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

ဖောင်တော်ချက်မစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲနှင့်အတူ ဈေးရောင်းပွဲတော်ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများ၊ ဈေးရောင်းပွဲတော်ကို လာရောက်သူများဖြင့် စည်ကားလျက်ရှိပြီး ဈေးရောင်းပွဲတော်ကို ၂-၅-၂၀၂၃ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၇-၅-၂၀၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

သက္ကရာဇ် (၁၂၉၉) ခုနှစ် ကဆုန်လပြည့်နေ့ ၊ စေတီတော်မြတ်ကြီး၏ မူလထီးတင်ပွဲမှ စတင်ကျင်းပခဲ့သော ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အထက်မြန်မာပြည်ဘုရားပွဲတော်များအနက် ဖောင်တော်ချက်မ ဘုရားပွဲတော်ကာလမှာ ရက်အကြာဆုံးဖြစ်ပြီး ၂၂ ရက် ကြာမြင့်သည်။ နယ်လှည့်ဈေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်ကာ နိုင်ငံကျော်ဇာတ်သဘင်အဖွဲ့အသီးသီး လာရောက်ကပြဖျော်ဖြေကြသဖြင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာဧည့်သည်များဖြင့် စည်ကားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါများဖြစ်ပေါ်ခဲ့ပြီး ၂၀၁၉ မှ စတင်ကာ ဘုရားပွဲတော်ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ်တွင် ကဆုန်ညောင်ရေသွန်းပွဲနှင့်အတူ ဈေးရောင်းပွဲတော် ထည့်သွင်းကျင်းပခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)