တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု










MNP ၊ မေ ၃

အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦး တို့ကို ယနေ့တွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/ အချုပ်ထောင်အသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိ သောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အကျဉ်းသား၊ အကျဉ်းသူများကို တစ်ဦးလျှင် ခရီးစရိတ်အဖြစ် ခရီးမိုင်တစ်မိုင်အား ငွေကျပ် ၃၅ ကျပ်နှုန်း၊ စားစရိတ်အား တစ်ရက်လျှင် ငွေကျပ် ၁ဝဝဝ နှုန်းဖြင့်  ဦးစီးရန်ပုံငွေမှ ပြည့်ဝစွာ ထုတ်ပေးခဲ့ကြောင်း သိရသည်။

အကျဉ်းသား၊ အကျဉ်းသူများအား လွှတ်ပေးရာတွင် အကျဉ်းထောင် ရုံးစိုက်ရာမြို့ရှိ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အကျဉ်းထောင် တာဝန်ခံအရာရှိ၊ သက်ဆိုင်ရာဒေသရှိခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ သတင်းရဲတပ်ဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့ ပါဝင်သောအဖွဲ့ဖြင့် ဆုံးမ သြဝါဒစကားပြောကြား၍ ထောင်လွတ်လက်မှတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိသူ ၂၁၅၃ ဦးအနက် ကချင်ပြည်နယ်မှ ၁၄ ဦး၊ ကယားပြည်နယ် မှ ၁၀၁ ဦး၊ ကရင်ပြည်နယ်မှ ၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၄၉ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ၄၅၀ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၉၄ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၉၁၁ ဦး၊ မွန်ပြည်နယ်မှ ၂၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၃၃၉ ဦး၊ ရှမ်းပြည်နယ်မှ ၆၅ ဦး၊ ဧရာဝတီတိုင်းမှ ၄၈ ဦး လွတ် ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများနှင့် အကျဉ်းထောင်ရှေ့သို့ လာရောက်ကြိုဆိုသော ၎င်းတို့၏ မိသားစုဝင်များမှာ ပျော်ရွှင်ကြည်နူး ဝမ်းမြောက်စွာ နှုတ်ဆက်ကြပြီး ခရီးဝေးသွားရောက်ကြမည့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသူများအား ဘူတာရုံ၊သင်္ဘောဆိပ်၊ ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များက လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)