နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာရှိ ရတနာမာန်အောင် ရပ်တော်မူဘုရားကြီး အုတ်မြစ်ချ ရေစက်ချအလှူတော်မင်္ဂလာနှင့် ဇိနရဋ္ဌတေဇမုနိ နှီးဘုရားကြီး ဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာရှိ ရတနာမာန်အောင် ရပ်တော်မူဘုရားကြီး အုတ်မြစ်ချ ရေစက်ချအလှူတော်မင်္ဂလာနှင့် ဇိနရဋ္ဌတေဇမုနိ နှီးဘုရားကြီး ဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပြုလုပ်



MNP ၊ မေ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာရှိ ရတနာ မာန်အောင်ရပ်တော်မူဘုရားကြီး အုတ်မြစ်ချရေစက်ချအလှူတော်မင်္ဂလာနှင့် ဇိနရဋ္ဌတေဇမုနိ နှီးဘုရားကြီး ဘုရားအနေကဇာတင် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ၌ပြုလုပ်ရာ နိုင်ငံတော်သြဝါဒစရိယ၊ လွိုင်လင်မြို့၊ သာသနာဝိပုလ ဓာတ်တော် ကျောင်းတိုက် ဦးစီးပဓာနနာယက  ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃအဖွဲ့ချုပ် ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒ အမှူးပြုသော သံဃာတော်များကြွရောက် ချီးမြှင့်တော်မူပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။


ဦးစွာ ဆရာတော်၊ သံဃာတော်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာမာန်အောင် ရပ်တော်မူဘုရားကြီး  တည်ထားကိုးကွယ်မည့်နေရာတွင် နမောတဿ(၃)ကြိမ်ရွက်ဆိုကာ ပန္နက်ရိုက်အုတ်မြစ်ချခြင်းနှင့် ဌာပနာများထည့်သွင်းတော်မူပြီး အမွှေးနံ့သာရည်များ ပတ်ဖြန်းကာ  သာသနာဝိပုလဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယက  ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရား‌ တော်များနာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဇိနရဋ္ဌတေဇမုနိ နှီးဘုရား ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်းများဆက်ကပ်လှူဒါန်းပြီး ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြကာ ဇိနရဋ္ဌတေဇမုနိနှီးဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူ ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် နေ့လည်ပိုင်းတွင် ဇိနရဋ္ဌတေဇမုနိ နှီးဘုရား ကြီးအား ဘုရားအနေကဇာတင် အလှူတော်မင်္ဂလာကို ဆက်လက်ပြုလုပ်ကြသည်။ အဆိုပါ မတ်ကျန်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ဇိနရဋ္ဌတေဇမုနိ နှီးဘုရားကြီးကို  ၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် ဆရာတော် ဘဒ္ဒန္ဒ ဝိမလပုထိက ဦးဆောင်ကာ မတ်ကျန်းကျေးရွာမှ ဒေသခံတိုင်းရင်းသား ၁၀၀၀ ကျော်ဖြင့် ဝါးအလုံးရေ (၁၅) သိန်းကျော်ကို အသုံးပြုကာ ၂၀၁၉ ခုနှစ်၊ ဇူလှိုင်လ ၂ ရက်တွင် တည်ထားကိုးကွယ်ပြီးစီးခဲ့သည့် ဘုရားကြီး၏ ဉာဏ်တော်အမြင့်မှာ အောက်ခြေပလ္လင်တော်မှ အထက်ဆံတော် အထိ (၆၃)ပေ၊ ဆံတော်(၉) ပေ၊ မျက်နှာတော်(၉)ပေ၊ နားရွက်တော် (၉) ပေ၊ လက်ဖဝါးတော် (၉)ပေ၊ ခြေဖဝါးတော်(၉)ပေ၊ နှာခေါင်းတော်၊ မျက်လုံးတော်နှင့် ပါးစပ်တော် (၃) ပေစီနှင့် ဒူးတော် အလျားတော်အကျယ် (၃၆) ပေရှိပြီး သဘာဝ ဝါး၊ သစ်စေးတို့ဖြင့် ယက်လုပ်ပူဇော်ခဲ့ကြပြီး အဆိုပါ ဇိနရဋ္ဌတေဇမုနိ နှီးဘုရားကြီးသည် ကမ္ဘာအကြီးဆုံးနှီးဘုရားကြီး ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ဒုတိယ အကြီးဆုံး ဖြစ်သည့် နှီးဘုရားကြီးသည် အိန္ဒိယနိုင်ငံတွင်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)