ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်





MNP ၊ မေ ၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ခုနှစ် ၊ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့ကို  ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များက မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ် စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ 


ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင် နှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် တို့ ဦးဆောင်၍  တပ်ဖွဲ့ဝင်များက မြို့ဦးရွှေစည်း ခုံစေတီ တော်ကြီးတွင် ဘုရား ဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေး နှင့်  ၂၀၂၃ ခုနှစ် ၊ မေ ၃ ရက်နေ့တွင် ကျ ရောက်မည့် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ မြန်မာ့ရိုးရာဓလေ့ထုံးထမ်း အစဉ်အလာနှင့်အညီ ကဆုန်ညောင်ရေသွန်းပွဲတော်ကို  ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် စေတီတော်အနီး နှင့် ရင်ပြင်တော်အား ရေဆေးကြောသန့်စင်ခြင်းများကို  စုပေါင်း ဆောင်ရွက် ခဲ့ကြ ကြောင်း သိရ သည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)