MNP ၊ မေ ၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင်ယနေ့နံနက်ပိုင်းက ယွန်းတန်း ရပ်ကွက်၊ ရွှေမျက်မှန်ဘုရားပုရဝဏ်အတွင်းရှိ ဗောဓိညောင်ပင်အားညောင်ရေသွန်းလောင်းပူဇော်ခြင်းနှင့်ဘုရားဝန်းအတွင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ခြင်းအခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ၊ဒေသခံပြည်သူများစုစုပေါင်းအင်အား ( ၃၂၀) ဦးတက်ရောက်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်းသိရသည်။
ထို့အပြင် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် ရွှေတောင်မြို့ပေါ်ရပ်ကွက်ရှိ တန်ခိုးကြီး ဘုရားစေတီ ပုထိုးများတွင်လည်း ညောင်ရေသွန်းလောင်းခြင်းနှင့် စတုဒီသာကျွေးမွေးခြင်းများဖြင့် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်းသိရသည်။
ကိုကို မင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment