MNP ၊ မေ ၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မေ ၁ ရက်ညပိုင်းနှင်မေ ၂ ရက် နံနက်ပိုင်းတို့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုတို့ကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတစ်လုံး၊ စာသင်ကျောင်းဆောင်တစ်ဆောင်နှင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းမာပင်ကျေးရွာတွင် မေ ၁ ရက်ည ၉ နာရီခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၉ လုံး၊ မေ ၂ ရက်နံနက် ၅ နာရီခန့်က မိုးရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမာပင်ကျေးရွာ၌ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတစ်လုံးနှင့် လူနေအိမ် ၄ လုံး၊ ယင်းမာပင်ကျေးရွာအုပ်စု မဒါန်းကျေးရွာ၌ လူနေအိမ် ၁၀ လုံးတို့အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲရာ စုစုပေါင်း ခန်မှန်းဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၆၁၅၀၀၀၀ ခန့်ဖြစ်ကြောင်းနှင့် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှံးမှုများ ရှိသော်လည်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရပြီး လေဘေးသင့် အိမ်ထောင်စု မိသားစုဝင်များအား ၎င်းတို့၏ နီးစပ်ရာ ဆွေမျိုးများ နေအိမ်သို့ ခေတ္တပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။
အလားတူ မေ ၂ ရက် နံနက် ၄ နာရီခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သာဂရကျေးရွာအုပ်စု သာဂရကျေးရွာ အ ထ က ဝင်းအတွင်းရှိ အလျား ၆၀ ပေအနံ ၃၀ ပေရှိ အုတ်ညှပ် တစ်ထပ်သွပ်မိုးကျောင်းဆောင်တွင် ၁၂ ပေသွပ် ၆၅ ချပ် အမိုးလန် ပျက်စီးခဲ့ရာ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၆၅၀၀၀၀ ခန့်ဖြစ်ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment