လသာမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လသာမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ




MNP ၊ မေ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက လသာမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)လသာ)ဗဟိုစံပြခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ လသာမြို့နယ်ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြသည်။


ထို့နောက်ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ခရိုင်ပညာရေးမှူးဒေါ်မာလာရီနှင့် လသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရန်နိုင်ဝင်းတို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။


ယင်းနောက် လသာမြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဆန်းထွန်းအောင်တို့ကကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကျောင်းအလိုက်တာဝန်ရှိ သူများကလက်ခံရယူခဲ့ကြသည်။


ထို့နောက်လသာမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နော်ဖောဇာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက်ကျောင်းသား၊ ကျောင်းသူလေးများဇာတိမာန်သီချင်းသီဆိုပြီးအခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


ကျော်ဆန်းမြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)