တောင်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


MNP ၊ မေ  ၂၂

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် မြင်းခြံခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် (၈) နာရီအချိန်က ကျေးရွာ (၃) ရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နံ့သာမြိုင်တောတိုက်ကျေးရွာ မြေသားရေကန် (၂၀၀`× ၂၀၀`×၄`) တူးဖော် ဆောင်ရွက်ခြင်းလုပ်ငန်း၊ အုတ်ရှစ်ပင်(ရွှေကျင်တောတိုက်) စက်ရေတွင်း ပေ ၉၀၀၊ ရေစက်ရုံ (၁၀ပေ×​၈ပေ×၈ ပေ)၊ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် ဆောင်ရွက်ခြင်းလုပ်ငန်း၊ အုတ်ရှစ်ပင်(အင်ကြင်းသာတောတိုက်)ကုန်ထုတ်လမ်း (၂မိုင်နှင့် ၂.၇၃ ဖာလုံ) ဆောင်ရွက်ခြင်းလုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးခြင်း၊ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကျေးရွာပေါင်း (၁၀) ရွာ၏ စာရင်းဇယားများ၊ အမှုတွဲတည်ဆောက်ထားရှိမှုအား စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


တောင်သာမြို့နယ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အုတ်ရှစ်ပင် (အင်ကြင်းသာ တောတိုက်) ကုန်ထုတ်လမ်း ၂ မိုင် ၂.၇၃ ဖာလုံကို လင်းလက်ပြည့်စုံအောင် ကုမ္ပဏီက တာဝန်ယူ၍လည်းကောင်း၊ ရထားကုန်းကျေးရွာ၌ ရေသန့်စင် စနစ်ဆောင်ရွက်ခြင်း၊ ရွှေပြစ်သစ်ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရှစ်ပင် (ရွှေကျင်တောတိုက်)၌ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းတို့အား Royal We ကုမ္ပဏီက တာဝန်ယူ၍လည်းကောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် အောင်ဇေဖြိုးကျေးရွာ ကုန်ထုတ်လမ်း ၀မိုင် ၄.၁၇၄ ဖာလုံကို စိန်ထွန်းခိုင် ကုမ္ပဏီကတာဝန်ယူ၍လည်းကောင်း၊ အောင်သာ၊ ချောင်းဝင်၊ ဆီဆုံကုန်း၊ မြောင်းဆုံနှင့် နံ့သာမြိုင်တောတိုက်ကျေးရွာ ၅ ရွာ၌ မြေသားရေကန်အနက် တူးဖော်ဆောင်ရွက်ခြင်းကို ဌာနမှတာဝန်ယူ၍လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး တောင်သာမြို့နယ် အတွင်း ကုန်ထုတ်လမ်းနှင့် ရေရရှိရေးလုပ်ငန်း (၁၀) ခုအား ခွင့်ပြုငွေပေါင်း (၂၂၉.၆၂၆) သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကျော်မျိုးနိုင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)