MNP - မေ ၂၂
မန်ချက်စတာစီးတီးအသင်းဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဝါရင့်ကွင်းလယ်ကစားသမားကြီး အယ်ကိုင် ဂွမ်ဒိုဂန်နှင့် လာမည့်ရက်အနည်းငယ်အတွင်း ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။မန်စီးတီးအသင်းဟာ ဂွမ်ဒိုဂန်ကို ၂၀၂၄ခုနစ် ဇွန်လအထိ ၁နှစ် + ၁နှစ်သက်တမ်းတိုးခွင့် ပါဝင်သော စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းထားကြောင်း သိရသည်။
အဆိုပါ အသက် ၃၂နှစ်အရွယ် ဂျာမန်သားဟာ ယခုအချိန်အထိ မည်သည့်ကမ်းလှမ်းမှုကိုမျှ ငြင်းပယ်ခြင်း သို့မဟုတ် လက်ခံခြင်းမရှိသေးပေ။ ဒါ့အပြင် စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းကလည်း ဂွမ်ဒိုဂန်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment