မိုခါ မုန်တိုင်းဘေးဒဏ်သင့် ပြည်သူများအား မြေပြင်မှာ အရှိန်မြှင့် ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် စုဖွဲ့မှု၊ သယ်ယူပို့ဆောင်မှု၊ အုပ်ချုပ်မှုကိစ္စများကို ပြည်နယ်ပါတီနဲ့ အသေးစိတ် ညှိနှိုင်းပြီး စတင်ဆောင်ရွက်ဖို့ စီမံဆောင်ရွက်ခဲ့ကြောင်း ဦးခင်ဦး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါ မုန်တိုင်းဘေးဒဏ်သင့် ပြည်သူများအား မြေပြင်မှာ အရှိန်မြှင့် ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် စုဖွဲ့မှု၊ သယ်ယူပို့ဆောင်မှု၊ အုပ်ချုပ်မှုကိစ္စများကို ပြည်နယ်ပါတီနဲ့ အသေးစိတ် ညှိနှိုင်းပြီး စတင်ဆောင်ရွက်ဖို့ စီမံဆောင်ရွက်ခဲ့ကြောင်း ဦးခင်ဦး ပြောကြား






MNP ၊ မေ ၁၉

ရခိုင်ပြည်နယ်မှ မုန်တိုင်းဘေးဒဏ်သင့် ပြည်သူများအား သွားရောက်ထောက်ပံ့ကူညီပေးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက မြေပြင်မှာ အရှိန်မြှင့် ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် စုဖွဲ့မှု၊ သယ်ယူပို့ဆောင်မှု၊ အုပ်ချုပ်မှုကိစ္စများကို ပြည်နယ်ပါတီနဲ့ အသေးစိတ် ညှိနှိုင်းပြီး စတင်ဆောင်ရွက်ဖို့  စီမံဆောင်ရွက်ခဲ့ကြောင်း ပြောကြားထားသည်။


ဦးခင်ရီ က " ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ပထမအကြိမ်ရှင်ပြုပွဲအခမ်းအနား ပြီးတာနဲ့ အထွေထွေအတွင်းရေးမှူးနဲ့အတူ စစ်တွေခရီးစဉ်အတွက် ဆက်ပြီခရီးထွက်လာခဲ့ပါတယ်။ အလှူပွဲရှိတာရယ်၊ လေကြောင်းခရီး ခေတ္တရပ်နားထားတာကြောင့် ရက်အနည်းအငယ် နှောင့်နှေးခဲ့ရတာကလွဲလို့ ဆန္ဒပြည့်ဝခဲ့တယ်လို့ ဆိုရမှာပါခင်ဗျာ။ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်ဆီးမှုတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အနီးကပ်ကြီးကြပ်ဖို့အတွက် တာဝန်ရှိပုဂ္ဂိုလ်တွေက စစ်တွေမြို့မှာအခြေစိုက်ပြီး မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က (၁၈)မြို့နယ်အတွက် တပ်မတော်အရာရှိကြီးများ ဦး‌ဆောင်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့က သွက်လက်လျင်မြန်တဲ့ ပို့‌ဆောင်ဆက်သွယ်ရေးလုပ်ငန်းစဉ်တွေနဲ့ သက်ဆိုင်ရာနယ်မြေအလိုက် ဖြန့်ခွဲသွားလာနေတာတွေကို စစ်တွေလေဆိပ်ရောက်ရောက်ခြင်း မြင်တွေ့ခဲ့ရလို့လည်း ဝမ်းသာပီတိဖြစ်ရကြောင်း၊ ကျွန်တော်တို့စစ်တွေရောက်ပြီးပြည်နယ်ပါတီရုံးခန်းမမှာ စစ်တွေမြို့ပေါ်ရပ်ကွက် (၂၅) ရပ်ကွက်၊ ကျေးရွာ (၁၅)ရွာမှ လေဘေးသင့်ပါတီဝင်အိမ်ထောင်စု(၂၀၀)ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တင်ပြချက်တွေကို အသေးစိတ်နားထောင်ခဲ့ပြီး စားသောက်ဖွယ်ရာနဲ့ အလှူငွေထောက်ပံ့ခြင်းနဲ့ လေဘေးကြောင့် ပျက်စီးသွားတဲ့ ပါတီဝင်တွေရဲ့ အိမ်အချို့ကိုလည်းမြေပြင်သွားရောက်ကြည့်ရှု အားပေးမှုကိုလည်းပြုလုပ်ခွင့်ရခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးစခန်းရှိ ပြည်သူတွေအတွက် ပြည်နယ်ပါတီ ကော်မတီက ပံ့ပို့လှူဒါန်းမှုတွေ ဆက်လက်ဆောင်ရွက် ဖို့လည်း စီစဉ်ပေးခဲ့ပါတယ်" ဟု ပြောသည်။ 


ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း လေဘေး ဒဏ်ကင်းလွတ်တယ်လို့ဆိုနိုင်တဲ့ ခရိုင်/ မြို့နယ်တွေက ရာဂဏန်းစီရှိတဲ့ အကူအညီပေးရေး အဖွဲ့တွေကို အမြန်ထပ်မံဖွဲ့စည်းကာ စစ်တွေကိုခေါ်ယူစေပြီး မြေပြင်မှာ အရှိန်မြှင့် ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် စုဖွဲ့မှု၊ သယ်ယူပို့ဆောင်မှု၊ အုပ်ချုပ်မှုကိစ္စများကို ပြည်နယ်ပါတီနဲ့ အသေးစိတ် ညှိနှိုင်းပြီး နောက်တစ်ရက်ကစတင်ဆောင်ရွက်ဖို့လည်း  စီမံဆောင်ရွက်ခဲ့ကြောင်း ပြောကြားထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)