ရခိုင်ပြည်နယ် ၊ရသေ့တောင်မြို့၌ ဗိုလ်ချုပ်အောင်မျိုးထွန်း၊ဗျူဟာမှူး၊မစဖအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများဖြင့်ထောက်ပံပစ္စည်းများပေးအပ်ရေးနှင့်ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများအားညှိနှိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ရသေ့တောင်မြို့၌ ဗိုလ်ချုပ်အောင်မျိုးထွန်း၊ဗျူဟာမှူး၊မစဖအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများဖြင့်ထောက်ပံပစ္စည်းများပေးအပ်ရေးနှင့်ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများအားညှိနှိုင်းဆောင်ရွက်




MNP ၊ မေ  ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်တွင်အနီးကပ်အကြံပေး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ ဗျူဟာမှူး၊ မစဖအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရေးနှင့်ပြန်လည်ထူထောင်ရေးဆောင်ရွက်မည့်လုပ်ငန်းများအားညှိနှိုင်းဆောင်ရွက်သည့် အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိCommand post ရုံးခန်း

တွင်၁၈.၅.၂၃ ရက်နေ့မှစ၍ နေ့စဥ်ညနေ၄ နာရီ၃၀ တွင်ပုံမှန်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ည‌နေကလည်း ညှိနှိုင်းစည်းဝေးဆောင်ရွက်ကြသည်။


ရှေးဦးစွာ အနီးကပ်အကြံပေး ဗိုလ်ချုပ်အောင်မျိုးထွန်း ကကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီစနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းကာဆောင်ရွက်ပေးသွားမှာဖြစ်ပြီးလိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးကြရန်ပြောကြားခဲ့ရာမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်သက်ဆိုင်ရာကော်မတီဝင်ဌာနဆိုင်ရာများ ကဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအားပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)