ပေါင်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးဆစ်ပိုးရောဂါကာကွယ်နှိမ်နင်းခြင်းတောင်သူပညာပေးကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးဆစ်ပိုးရောဂါကာကွယ်နှိမ်နင်းခြင်းတောင်သူပညာပေးကွင်းသရုပ်ပြပွဲကျင်းပ






MNP ၊ မေ  ၂၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးဆစ်ပိုးရောဂါကာကွယ်နှိမ်နင်းခြင်းတောင်သူပညာပေးကွင်းသရုပ်ပြပွဲကျင်းပခြင်းကိုယနေ့နံနက်ပိုင်းက ကျွဲခြံကျေးရွာတွင်ပြုလုပ်ခဲ့ကြကြောင်းသိရသည်။


ရှေးဦးစွာ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဆင့် ကတောင်သူများအနေဖြင့်ဘက်စုံပိုးမွှားရောဂါများကိုနည်းမှန်၊လမ်းမှန်နှင့်စနစ်တကျ ကာကွယ်ကြရန်လိုအပ်ပါကြောင်း၊ မိုးစပါးဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းပညာပေးသင်တန်းကိုတက်ရောက်ခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် သွင်းအားစုများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲခြင်းဖြင့်တောင်သူများ ဘက်စုံပိုးမွှားရောဂါများကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် နေ့လယ်ပိုင်းတွင်အဟောက်ကျေးရွာ မြတ်ရတနာခန်းမ၌လည်း  မိုးစပါးဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းပညာပေးသင်တန်းနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် သွင်းအားစုများကို စနစ်တကျ စီမံ့ခန့်ခွဲသုံးစွဲနည်းပညာပေးသင်တန်း ကိုလည်းဆက်လက်ပို့ချပေးခဲ့‌သည်။


အဆိုပါသင်တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်သန်းသန်းဆင့်နှင့်ခရိုင်၊မြို့နယ်ရှိသင်တန်းဆရာများနှင့်နောင်သူ (၅၆)ဦးခန့်တက်ရောက်ကြပြီးသရုပ်ပြပွဲများလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)