MNP ၊ မေ ၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့၌ အပတ်စဥ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်တွင် အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၀န်းကျင်သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်းသိရ သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခြံ၀င်းအတွင်းရှိ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်းနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းအတွင်းရှိအမှိုက်များရှင်းလင်းခြင်းများ ကို ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့၀င်များ ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့ ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ်စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment