MNP ၊ မေ ၂၀
ရခိုင်ပြည်နယ်၊သံတွဲခရိုင် ငပလီ မြို့သန့်ရှင်းသာယာလှပရေး မိုခါမုန်တိုင်းကြောင့်ကျိုးကျခဲ့သော သစ်ကိုင်း၊သစ်ရွက်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း နှင့်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှူရေးအသင်းအဖွဲ့များ နှင့် တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၀၀)ခန့်က စုပေါင်း၍ငပလီ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ငပလီ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဦးနိုင်လင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment