မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ဒုတိယနေ့မှာ ဘာတွေဆွေးနွေးခဲ့ကြသလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ဒုတိယနေ့မှာ ဘာတွေဆွေးနွေးခဲ့ကြသလဲ













MNP ၊ မေ ၂၀

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဒုတိယနေ့စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲအစီအစဉ်များကို ၁၉-၅-၂၀၂၃ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ကျင်းပခဲ့ကြပါတယ်။


ဒုတိယနေ့ ဆွေးနွေးပွဲကို အခန်း(၇)ခန်းတွင် အုပ်စု(၇)စုခွဲ၍ ဆွေးနွေးပွဲ ခေါင်းစဉ်ကြီး (၇) ခုဖြင့် ကျင်းပကြရာ တစ်အုပ်စုလျှင် စာတမ်း(၆)စောင်ကို စာတမ်းရှင်များက ဖတ်ကြားကြပြီး တက်ရောက်လာသူများက တက်ကြွစွာ ပါဝင်ဆွေးနွေးကြသည်။


Parallel Session 1 တွင် “ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်လာစေရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ Co-chair အဖြစ် ဦးရဲလင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အခြေခံ ပညာဦးစီးဌာန၊ ဒေါ်ခင်မာဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အခြေခံပညာဦးစီးဌာနတို့က ဆောင်ရွက်ကြပြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေက “ဒေသဆိုင်ရာအုပ်ချုပ်ရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းစည်းရုံးဆောင်ရွက်ရေး” စာတမ်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဖြိုးကျော်က “ကျန်းမာပျော်ရွှင်သော ပညာသင်ယူမှုပတ်ဝန်းကျင်ကောင်းဖန်တီးရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးက “သင်ကြားသင်ယူမှုအပေါ် စဉ်ဆက်အကဲဖြတ်စနစ်၏ ထိရောက်မှုကို ဆန်းစစ်ရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာ က “နှစ်ချို့ကင်းကွာ ကျောင်းသားများ ပြန်လည်လက်ခံရေးအတွက် နည်းလမ်းရှာဖွေရေး” စာတမ်း၊ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်း ကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြား ရေးမှူး (ပြည်တွင်း) ဦးသန်းထိုက်က “ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းက “ကျောင်းသား ဆရာအချိုးမျှတစေရေး” စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာသူများက တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်


အလားတူ Parallel Session 2 တွင် “KG+9 ပြီးမြောက်ရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် ဒေါက်တာဇော်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ Co-chair အဖြစ် ဒေါ်စန်းစန်းရီ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အခြေခံပညာဦးစီးဌာန ဦးတင်လှိုင်၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ကြပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာတင်ယုယုအေးက “ကျောင်းဝင်နှုန်းမြင့်မားရေး” စာတမ်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းနုနုစိန်က “ကျောင်းနေမြဲရေးနှင့် တန်းစဉ်ကူးပြောင်းမှု မြင့်မားရေး” စာတမ်း၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်ဝင်းစိုးက “ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူရာတွင် လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းပေးရေး” စာတမ်း၊ တောင်ငူ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်က “အရည်အသွေးရှိသော ဆရာ ဆရာမများ ဖြည့်ဆည်းလေ့ကျင့်ပေးရေး” စာတမ်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဝင်းက “အမှန်တကယ် စာတတ်မြောက်၍ မျိုးချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်ရှိသည့် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးရေးနှင့် ကောင်းမွန်သော အသိပညာ၊ ကောင်းမွန်သော အလေ့အကျင့်များကို မူ၊ လယ်၊ ထက် သင်ရိုးညွှန်းတမ်းတွင် ချိတ်ဆက်ထည့်သွင်း အသိပညာပေးရေး” စာတမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးက “နယ်စပ် ဒေသများပါမကျန် ကျောင်းနေအရွယ်ကလေးတိုင်း KG+9 ပြီးမြောက်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။


Parallel Session 3 တွင် “KG+9 ပြီးမြောက်အောင်မြင်သူ လူငယ်လူရွယ်များကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များရရှိရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများဖော်ထုတ်ရေး” ခေါင်းစဉ် ဖြင့် ကျင်းပရာ Chair အဖြစ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ Co-chairs အဖြစ် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေနှင့် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိုးဝင်းတို့က ဆောင်ရွက်ကြပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ဇေယျမြင့် က “နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေး သင်ယူနိုင်မှုအခွင့်အလမ်းကို ပြည်သူလူထုပိုမိုသိရှိနားလည်လာစေရန် တိုးမြှင့်ဆောင်ရွက်ရေး” စာတမ်း၊ စိုက်ပျိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာလေးလေးခိုင်က “KG+9 အလွန် ပညာရေးတွင် နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးကို သင်ယူနိုင်သော သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင် ရေး” စာတမ်း၊ နည်းပညာသက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ချိုသင်းက “KG+9 အလွန်ပညာရေးအတွက် လိုအပ်သော ဆရာ ဆရာမများ ခန့်ထားရေးနှင့် စွမ်းဆောင်မှုမြှင့်တင်နိုင်ရေး” စာတမ်း၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ပြည့်ကျော်သူ က “KG+9 အလွန် ပညာရေးအတွက် နည်းပညာကဏ္ဍသင်ရိုး ညွှန်းတမ်း၊ စစ်ဆေးအကဲဖြတ်မှု၊ အရည် အသွေးအာမခံမှုနှင့် စီမံခန့်ခွဲမှုပိုမို အားကောင်းအောင် ဆောင်ရွက်ရေး” စာတမ်း၊ မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရဲထွဋ်အောင်က “KG+9 အလွန်ပညာရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ သင်ရိုးညွှန်းတမ်း၊ စစ်ဆေးအကဲဖြတ်မှု၊ အရည် အသွေးအာမခံမှုနှင့် စီမံခန့်ခွဲမှုပိုမို အားကောင်းအောင် ဆောင်ရွက်ရေး” စာတမ်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကြည်ကြည်ချိုက “စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းများနှင့် သက်မွေးပညာ သင်တန်းကျောင်းများမှ ပြီးမြောက်သူများကို ဘဝတစ်သက်တာ ပညာသင်ကြားခွင့် ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်း အသိ အမှတ်ပြုရေးနှင့် ဆက်လက်ပညာသင် ယူနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင် ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။


Parallel Session 4 တွင် “လုပ်ငန်း ခွင် လက်တွေ့အသုံးကျမည့် နည်းပညာနှင့် သက်မွေးပညာရပ်များကို ထိရောက် စွာသင်ကြား၍ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပကြရာ Chair အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ Co-chairs အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ‌ဒေါက်တာယဉ်ယဉ်ဌေး‌အောင်၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး) စာပေညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ထွန်းတို့က ဆောင်ရွက်ကြပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဉာဏ်ဝင်းသန်းက“လုပ်ငန်းခွင်လက်တွေ့အသုံးကျမည့် စက်မှုဆိုင်ရာ သက်မွေးပညာ သင်တန်းများအတွက် သင်ယူနိုင်သောအခွင့်အလမ်းများ တိုးချဲ့‌ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ရေး” စာတမ်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ စောထိုလွီထူး က “လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့်စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာသက်မွေးပညာ သင်တန်းများအတွက် သင်ယူနိုင်သောအခွင့်အလမ်းများ တိုးချဲ့‌ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ရေး” စာတမ်း၊ အ‌မှတ်(၆) စက်မှုသင်တန်းကျောင်း မြင်းခြံကျောင်းအုပ် ဒေါ်မျိုးမျိုးသက်က “အစိုးရ၊ ပုဂ္ဂလိက၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည့် အစီအစဉ်များဖော်ထုတ်ရေး” စာတမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပါမောက္ခ ဦးသက်ခိုင်ဦးက “ခေတ်နှင့် လျော်ညီသော နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး” စာတမ်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ဘောဂဗေဒဌာန ပါမောက္ခဌာနမှူး ဦးကျော်သူရက “လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် သက်မွေး ပညာရေးမြှင့်တင်ရေး” စာတမ်း ၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (ရွာမ) ကျောင်းအုပ်ကြီး ဦးဇေယျာ‌အောင် က “ရေရှည်တည်တံ့ခိုင်မြဲသော သက်မွေး ပညာရေးစနစ်ဖြစ်မြောက်‌အောင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများဖော်ဆောင်ရေး” စာတမ်းတို့ကိုဖတ်ကြား ကြသည်။


Parallel Session 5 တွင် “ အဆင့်မြင့် ပညာကဏ္ဍတိုးတက်ရေးနှင့် အသိပညာ ရှင် အတတ်ပညာရှင်များ မွေးထုတ်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ Co-chairs အဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ဦး နှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာလှမျိုးထွန်း တို့က ဆောင်ရွက်ကြပြီး ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီလာကြူက “အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့်သင်ကြားရေး” စာတမ်း၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက “နည်းပညာအသုံးပြု သင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်မည့် အစီအစဉ်များဖော်ထုတ်ရေး” စာတမ်း၊ စစ်တက္ကသိုလ်သုတေသနဌာန လက်ထောက်ကထိက ဗိုလ်မှူးထွန်းလင်းကျော်က “သင်ယူမှုရလဒ်များကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည့် ရလဒ်အခြေပြု ပညာရေးစနစ်” စာတမ်း၊ မော်လမြိုင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ယဉ်မျိုးသူက “တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေးနှင့် တက္ကသိုလ်ပရဝဏ်သန့်ရှင်းသာယာခံ့ညားရေး” စာတမ်းကိုလည်းကောင်း၊ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခ ဒေါက်တာနီလာတိုးက “ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်းများ ခေတ်မီစေရေး” စာတမ်း၊ ရန်ကုန်စီးပွား ရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာမြင့်မြင့်ကြည်က “နိုင်ငံစီးပွား တိုးတက်ရေးအတွက် စီးပွားရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးရေး” စာတမ်းတို့ကို ဆွေးနွေး ကြသည်။


Parallel Session 6 တွင် “သုတေသန နှင့် တီထွင်ဆန်းသစ်မှုမြင့်မားရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးအေးခိုင်တို့က ဆောင်ရွက်ကြပြီး မန္တလေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာသုနန္ဒာက “ဘွဲ့ကြိုသင်တန်းများတွင် ဘွဲ့ယူသုတေသန ပရောဂျက်အစီအစဉ်များ ထည့်သွင်းရေး” စာတမ်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဆင့်က “သယံဇာတနှင့် သဘာဝဝန်းကျင်ရေရှည်တည်တံ့ရေးအတွက် အဆင့်မြင့်ပညာ၏ အရေးပါမှု” စာတမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဆွေလင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်တို့က “နည်းပညာ အခြေပြုစားရေ ရိက္ခာဖူလုံရေး” စာတမ်း ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်ပါမောက္ခ ဒေါက်တာမို့မို့ကြည်က “တက္ကသိုလ်နှင့် လုပ်ငန်းခွင်ချိတ်ဆက်ရေး” စာတမ်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင်က “အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ အထောက်အကူပြုအသုံးချ သုတေသနများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး” စာတမ်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတင်ဦးက “သုတေသနဖွံ့ဖြိုးတိုးတက်ရေး မူဘောင် ချမှတ်နိုင်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။


Parallel Session 7 တွင် “အရည် အသွေးရှိသော ဆရာ ဆရာမများ ဖြည့်ဆည်းလေ့ကျင့်ပျိုးထောင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ Co-chairs အဖြစ် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သူဇာရှိန်တို့က ဆောင်ရွက်ကြပြီး ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဖြူဇင်က “ပညာရေးကဏ္ဍအလိုက် ဆရာ ဆရာမများ လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေး အစီအစဉ်များထည့်သွင်းရေး” စာတမ်း၊ မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချို မြတ်အောင်က “ဆရာ ဆရာမများ ပြုန်းတီးမှု လျော့ပါးစေရေးနှင့် လုပ်ငန်းခွင်ပျော်မွေ့စေရေး” စာတမ်း၊ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီအောင်က “လုပ်ငန်းခွင်အကြိုသင်တန်းနှင့် လုပ်ငန်း ခွင်အတွင်း မွမ်းမံသင်တန်းများ တက်ရောက်စေရေး”စာတမ်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာ အတတ်သင် ကောလိပ်(ဘယ်လင်း) ကျောင်းအုပ်ကြီး ဒေါက်တာသန်းဇော်က “နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍရှိ ဆရာ ဆရာမများ၏ အရည် အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။


မွန်းလွဲပိုင်းတွင် Chair အဖြစ် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ဆွေထွန်း၊ Co-chairs အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဉာဏ်ဝင်းသန်းနှင့် ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်အေးဖြူဇင်တို့က ဆောင်ရွက်ကြပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင် က “ဆရာတတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်(TCSF)နှင့် ကျောင်းတွင်း အရည်အသွေးအာမခံမှု (IQA) တို့ ချိတ်ဆက်၍ ဆရာအရည်အသွေးမြင့်မား စေရေး” စာတမ်း၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးညွန့် က “ဆရာ ဆရာမများ အရည်အသွေး စဉ်ဆက်မပြတ်လေ့ကျင့်ပေးရေး” စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာသူများက တက်ကြွစွာ ဆွေးနွေးအကြံပြုကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)