ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲတင့် စစ်တွေမြို့ရှိ ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲတင့် စစ်တွေမြို့ရှိ ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 


MNP ၊ မေ ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ပြိုလဲသွားသော မီတာ ၁၀၀ တာဝါတိုင်ကို ရှင်းလင်းဖျက်သိမ်းရေး၊ စက်ရုံအမိုးများ ပြန်လည်မိုးရေး၊ စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှု မရှိအောင် ဖုံးအုပ်ထားရေးတို့ကို အင်ဂျင်နီယာမှူးနှင့် စက်ရုံမှူးတို့အား မှာကြားသည်။ ထို့နောက် ယာယီအစားထိုးထုတ်လွှင့်ရန် ရောက်ရှိနေသော မီတာ ၃၀ တာဝါတိုင်တည်ဆောက်ရေးနှင့် မြေနေရာရွေးချယ်ထားခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အမြန်တည်ဆောက်ထုတ်လွှင့်နိုင်ရေး မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ) စက်ခန်းများနှင့် ပစ္စည်းသိုလှောင်ခန်းများကို ကြည့်ရှုပြီး စက်များကို ပြန်လည်စစ်ဆေး၍ လိုအပ်သည်များ ပြုပြင်ရန်၊ လတ်တလောတွင် မိုးဒဏ်မခံရအောင်တာပေါ်လင်များ၊ မိုးကာများဖြင့် ဖုံးအုပ်ထားရန်နှင့် စက်ခန်းများမှ အပျက်အစီးများအား ရှင်းလင်းရေး အမြန်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်တွေခရိုင်ရုံးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့ကိုရောက်ရှိပြီး ပျက်စီးမှုများကို ရှင်းလင်းဆောင်ရွက်ထားရှိမှု၊ အရေးပေါ်မိုးလုံအောင် မိုးကာရေးနှင့်စာကြည့်တိုက်စာအုပ်များနှင့် ရုံးသုံးစက်ပစ္စည်းများ မုန်တိုင်းမကျမီ မပျက်စီးအောင် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရန်များ မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)