MNP ၊ မေ ၂၂
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မိုခါ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ကျောင်းများ၊ဆေးရုံ၊ဆေးခန်းများ ၊ အဆောက်အဦများအား အမြန်ဆုံး ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်မှူးချုပ် ဆန်နီအုန်း က ပေါက်တောမြို့နယ်၌ ကျောင်းဖွင့်ရာသီနီး လာပြီးဖြစ်၍ ကျောင်းဖွင့်ရက်မတိုင်မီ ပျက်စီးသွားသည့်ကျောင်းများအား အမြန်ဆုံးပြုပြင်ပြီး စီးနိုင်ရန် နှင့် ဆေးရုံဆေးခန်းများကိုလည်း ဦးစားပေးပြင်ဆင်မည်ဖြစ်ကြောင်း၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့် အခါတွင်လည်း ဒေသခံများ၊ ပြည်သူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မိုခါ မုန်တိုင်းကြောင့် ပျက်စီးခဲ့ကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များ နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဗိုလ်မှူးချုပ် ဆန်နီအုန်း က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment