မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သော ဝမ်တိန်ဂိတ်သို့ စီးပွားကူးသန်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သော ဝမ်တိန်ဂိတ်သို့ စီးပွားကူးသန်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး သွားရောက်ကြည့်ရှုစစ်ဆေး


ပန်ဆိုင်း ၊ မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သော ဝမ်တိန်ဂိတ်သို့ နှစ်နိုင်ငံကုန်သွယ်စီးပွားရေး အခြေအနေနှင့် နယ်စပ် လူဝင်/ထွတ်ဂိတ်များ၏ နှစ်နိုင်ငံကူးသန်းရောင်းဝယ်မှု တိုးတက်မြန်ဆန်စေရေးတို့အတွက် စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များက ယမန်နေ့‌ နံနက် (၁၁:၃၀) အချိန်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ရှေးဦးစွာ ခရီးစဉ်တွင် နံနက်(၈:၂၀)အချိန်က မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် လူဝင်/ထွက်ဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်နှင့် ဟိုဆောင်ဂိတ်များကို ဝန်ကြီးနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး နယ်စပ်ဂိတ်များ၏ လူဝင်/ထွက် အခြေအနေနှင့် နိုင်ငံကူးလက်မှတ်(BP)စာအုပ်ဖြင့် တရားဝင်ဝင်ရောက်နေသော ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီးနောက် မြေပြင်တွင် လိုအပ်သည်များကို အကောင်အထည်ဖော်ဆောင်ရွက်ကြစေရန် ညွှန်ကြားခဲ့ပါသည်။ ဆက်လက်ပြီး မွန်းတည့် (၁၁:၃၀)အချိန်တွင် ပန်ဆိုင်း(ကြူကုတ်မြို့)ရှိ နှစ်နိုင်ငံဝင်/ထွက် နယ်စပ်ဂိတ်ဖြစ်သော ဝမ်တိန်ဂိတ်သို့ ဝန်ကြီးနှင့်အဖွဲ့ဝင်များ ရောက်ရှိလာပြီး လှည့်လည် ကြည့်ရှုစစ်ဆေးကာ နှစ်နိုင်ငံနယ်စပ်ကူးသန်း ရောင်းဝယ်မှု ဖွံဖြိုးတိုးတက်ရေး အတွက် အဖက်ဖက်မှ ပေါင်းစပ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထိုသို့ စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ‌ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှု စစ်ဆေးရာတွင် မူဆယ်ခရိုင်၊ ကုန်သွယ်ရေးညွှန်ကြားရေးမှုး ဦးအောင်ဇော်မိုးနှင့်တကွ မူဆယ်ခရိုင်၊ အကောက်ခွန်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဦးဟန်ဝင်းဇော်၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ဦးလှိုင်ကျော်မြင့်၊ ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ လ.ဝ.က ဌာနခွဲ(၇) ဌာနခွဲမှူး ဦးငွေမိုး၊ ပန်ဆိုင်း (ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိကြသူများက လာရောက်တွေ့ဆုံခဲ့ကြပြီး ဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို မြေပြင်တွင် ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)