အမ်းမြို့နယ်၌ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများအတွက် အမိုးသွပ်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများအတွက် အမိုးသွပ်များပေးအပ်






MNP ၊ မေ  ၂၂

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့ နယ်၊ ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဝင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များသည် ယမန် နေ့ နေ့လည်အချိန်က အမ်းမြို့နယ်၌ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အခြေ ခံပညာကျောင်းများအတွက် လိုအပ်လျက်ရှိသော သွပ်၊သွပ်သံနှင့်သစ်များအားကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့ကြောင်းသိရသည်။


   အမ်းမြို့နယ်တွင်ဆိုင်ကလုန်းမုန်းတိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် အမိုးလန်ပျက် စီးခဲ့သည့် အခြေခံပညာကျောင်း(၁၀)ကျောင်းရှိသည့်အနက် အမ်းမြောက်အုပ်စု မီးလောင်ချောင်း အလက (ခွဲ)KG ဆောင်နှင့်လုံးကောက်ကျေးရွာအုပ်စု ညောင်ချောင်း (၃)မူလွန်ကျောင်းများအတွက် လိုအပ်လျက်ရှိ သော အမိုးသွပ်(၇၅ )ချပ်၊ သွပ်သံ ( ၄)ပိဿာနှင့်ညောင်ချောင်း(၃)မူလွန်ကျောင်းအတွက်  ၄ လက်မ ၂ လက်မသစ် တန်ဝက်နှင့်သံ (၃)ပိဿာအားသက် ဆိုင်ရာ တာဝန်ရှိသူများထံ  ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။


   ဆက်လက်ပြီးယနေ့ နံနက်တွင်အမ်းရိုးမပေါ်ရှိ အလက (ခွဲ)ကံမြင့်ကံကျောင်းနှင့်အမက(ခွဲ)ကြက်ရေစမ်းကျောင်းတို့၌ကျောင်းဖွင့်အမှီပြုပြင်ရန်လိုအပ်ချက်များအားကွင်းစစ်ဆေးဆောင်ရွက်လျက်ရှိ​ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)