သထုံမြို့နယ် ဒုံသမိမြစ်အတွင်း ငါးသားပေါက် ကောင်ရေ နှစ်သိန်း ငါးမျိုးစိုက်ထည့် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ် ဒုံသမိမြစ်အတွင်း ငါးသားပေါက် ကောင်ရေ နှစ်သိန်း ငါးမျိုးစိုက်ထည့်




MNP ၊ မေ  ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတ‌များတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံရေးအတွက် မေလ ၂၇ ရက်၊ နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေစုစု‌ပေါင်း နှစ်သိန်းကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။


ငါးမျိုးစိုက်ထည့်ရာတွင် အမှတ်(၆၀၆)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ကိုဦး၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊

သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းစခန်း(သထုံ)မှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရေလုပ်သားများက ငါးလုပ်ငန်းစခန်း(သထုံ)မှထုတ်လုပ်သည့် နှစ်လက်မနှင့်အထက်အရွယ်အစားရှိ ငါးခုံးမကြီး ကောင်ရေ(၁၀၀၀၀၀)၊ ငါးမြစ်ချင်းနှင့် ရွှေဝါငါးကြင်း တစ်မျိုးလျှင် ကောင်ရေ (၅၀၀၀၀)စီ၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ(၂၀၀၀၀၀) ကို ဒုံသမိမြစ်အတွင်းသို့ စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြသည်။


ယခုနှစ်တွင် မွန်ပြည်နယ်ရှိ မြစ်ချောင်းများ၊ ဆည်မြောင်းတာတမံများ စသည့်သဘာဝရေပြင်များသို့  ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း ငါးမျိုးများ သားပေါက်ကောင်ရေ ၁၇ သိန်းကျော်ကို အခမဲ့မျိုးစိုက်ထည့်ပေးနိုင်ရန် လျှာထားပြီး လက်ရှိအချိန်အထိ ကောင်ရေစုစုပေါင်း ၄ သိန်း‌ကျော်ခန့်အား မျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းစခန်းမှ သိရသည်။


နဒီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)