နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများထံ ပေးစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများထံ ပေးစာ

 


(သဘာဝဘေးအန္တရာယ် နှင့် အကြမ်းဖက်ဘေး၊ လက်နက်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး)


မြန်မာပြည်မှာ ဘေးဆိုးကပ်ဆိုး အမျိုးမျိုး ကြုံတွေ့နေရပါတယ်။ ကိုဗစ်-၁၉ ရောဂန္တရကပ် က စပြီး ပြည်ပသြဇာခံ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေ ဖန်တီးတဲ့ အကြမ်းဖက်ဘေး၊ လက်နက်ဘေးနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ လက်နက်ဘေးကိုတော့ သတ္ထန္တရကပ် လို့ ဆိုပါတယ်။ ရောဂန္တရကပ်၊ သတ္ထန္တရကပ်တွေ ကြုံလာပြီးရင် ငတ်မွတ်ခေါင်းပါးခြင်းဘေး ဒုဗ္ဘိက္ခန္တရကပ် ကြီးနဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။

(၁၄-၅-၂၀၂၃) ရက်နေ့က အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဟာ ရခိုင်ကမ်းရိုးတမ်းနဲ့ ဧရာဝတီတိုင်းဒေသကြီးကို ဝင်ရောက်ဖျက်ဆီးသွားခဲ့ပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေများသလို ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်အချို့မှာလည်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အခြေအနေကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ မိုခါဆိုင်ကလုန်း မြန်မာပြည်ကို ဝင်ရောက်မယ့်အခြေအနေနဲ့ ပတ်သက်လို့ ကြိုတင်သတိပေးဆောင်ရွက်နိုင်ခဲ့သလို ပြောင်းရွှေ့နေရာချထားပေးတာ၊ ကူညီကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်တာတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီးဟာ ကပ်ရောဂါဘေး၊ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရမဖြစ်ပေါ်မီ သမ္မတကြီးဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ၊ ယခင် မဲလိမ်မဲခိုး NLD အစိုးရလက်ထက်တွေမှာ ကတည်းက ပြည်သူ့အကျိုးပြု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်ခဲ့တာ အထူးပြောဖွယ်ရာ မရှိပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လာရတဲ့ ကာလမှာ ကိုဗစ်တတိယလှိုင်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်ဆယ်ခဲ့ပါတယ်။

မိုခါဆိုင်ကလုန်းမုန်းတိုင်း မြန်မာပြည်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ (၁၄-၅-၂၀၂၃) ရက်နေ့မှာ သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ် စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန်များပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည်ထောင်စုဝန်ကြီးများနဲ့ တာဝန်ရှိသူများက စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ သတင်းအချက်အလက်ဖြန့်ဖြူးရေး ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြခဲ့ကြပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင် က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေး လမ်းညွှန်မှုပေးခဲ့တဲ့ အချက် တွေကိုလည်း မြန်မာနေရှင်နယ်ပို့စ်မှာ စုစည်းဖော်ပြထားပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှာကြားချက်တွေမှာ -

(၁) ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစ၍ မုန်တိုင်းသတိပေးချက်များကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခန့်မှန်းချက်များအရ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်ရန် ဖြစ်နိုင်ခြေမြင့်တက်လာ၍ လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကို ဆောလျှင်စွာထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊  ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များကို ဆောလျှင်စွာပြင်ဆင်စေခဲ့ကြောင်း၊ ကမ်းရိုးတန်းဒေသများတွင်သာမက ကုန်းတွင်းသို့မုန်တိုင်းဝင်ရောက်ပြီး မုန်တိုင်းဖြတ်သန်းရာ ဒေသများ၌လည်း ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မုန်တိုင်းဝင်ရောက်နိုင်သည့်ဒေသများတွင် မိုးရွာသွန်းမှုများ ပိုမိုများပြားနိုင်သည်ကိုတွေ့ ရှိရကြောင်း၊ ထို့ကြောင့် မုန်တိုင်းဒဏ်သင့်ဒေသများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊

(၂) မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ယနေ့မှစ၍ ယာဉ်တင်အသင့်ဆောင်ရွက်မှုကို စတင်ပြုလုပ်ထားရန်လိုကြောင်း၊ အရေးပေါ်ရိက္ခာဖြန့်ဝေရာတွင် လျှင်မြန်ထိရောက်မှုရှိစေရေး ရိက္ခာများဖြန့်ဖြူးပေးမှု အဆင်ပြေစေရေး ထုတ်ပိုးမှုများကို လွယ်ကူစွာသယ်ဆောင်နိုင်သည့် ထုတ်ပိုးမှုများဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်း၊ အလားတူဘုန်းတော်ကြီးကျောင်းများသည် မြို့၊ ရွာများ၏ အစွန်းအဖျားနေရာများတွင် တည်ရှိကြခြင်းကြောင့် လေပြင်းများတိုက်ခတ်ပြီး ပျက်စီးမှု များဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မုန်တိုင်းဒဏ်ထိခိုက်သည့် ဒေသများ၌ ပြင်ဆင်မှုများဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းမှာကြားသည်၊ အလားတူ သံဃာတော်များနှင့် သီလရှင်များအတွက် သင်္ကန်းများနှင့် သီလရှင်ဝတ်စုံများ၊ ဆွမ်းဆန်တော်များကို ကြိုတင်စုဆောင်းထားရန်နှင့် လိုအပ်သည့်အချိန်တွင် အသင့်ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေအတွင်းရှိ စေတီပုထိုးများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊

(၃) ထိခိုက်မှုဖြစ်ပွားခဲ့သည့်ဒေသများရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဆေးဝါးများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့များကို ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထားရန်လိုသကဲ့သို့ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်များကိုလည်း ယနေ့မှစတင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ၎င်းရေယာဉ်များအပေါ်၌ အရေးပေါ်စားနပ်ရိက္ခာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း အသင့်တင်ဆောင်ထားရှိရန်လိုကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့များ ဖွဲ့စည်းစေလွှတ်ရာတွင် မုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများကို ကုသပေးနိုင်ရေး ဖွဲ့စည်းစေလွှတ်ရန်လိုကြောင်း၊

(၄) မုန်တိုင်းတိုက်ခတ်နေချိန်အတွင်း လေယာဉ်၊ ရဟတ်ယာဉ်များ ပျံသန်းခြင်းမပြုလုပ်နိုင်သော်လည်း မုန်တိုင်းဝင်ရောက်ပြီးချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား ညအချိန်တွင်ပါ ဆင်းသက်နိုင်ရန်ပြေးလမ်းမီးများအပါအဝင် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်အစုအဖွဲ့ ၁၀ ဖွဲ့ အပြင် အဖွဲ့ ၂ ဖွဲ့ကိုလည်းထပ်မံ ဖွဲ့စည်းထားရှိရန်လိုကြောင်း၊ လိုအပ်သည့်နေရာသို့ လိုအပ်သည့်အချိန်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပို့ဆောင်နိုင်ရေးကြိုတင် တွက်ချက်ဆောင်ရွက်ထားရန်လိုကြောင်း၊

(၅) မုန်တိုင်းဝင်ရောက်နိုင်သည့် ကမ်းရိုးတန်းဒေသများပါမက မုန်တိုင်းသက်ရောက်နိုင်သည့် ကုန်းတွင်းပိုင်းဒေသများသည်လည်း ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် အန္တရာယ်များအတွက် သတိစေရေး လှုံ့ဆော်ပြန်ကြားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မုန်တိုင်းသတိပေးချက် လှုံ့ဆော်မှုများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ သိရှိစေရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သတင်းများ အချိန်နှင့်တစ်ပြေးညီ ရရှိရေးအတွက်လည်း ဆောင်ရွက်နေရန်လိုကြောင်း၊

(၆) လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ (AHA Center) နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊

(၇) ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တပ်မတော်အရာရှိကြီးများကို တစ်ဦးချင်း လိုအပ်ချက်များ၊ အကြံပြုချက်များကိုမေးမြန်းပြီး ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာပစ္စည်းများကို လျှင်မြန်ထိရောက်စွာ ပို့ဆောင်နိုင်ရေး  လေယာဉ်ယာဉ်ပေါ်အသင့်၊ ရေယာဉ် ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ်ယာဉ်ပေါ်အသင့်ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် တိုင်းစစ်ဌာနချုပ်များအားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မှ ကျန်ရှိမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့် တစ်ပြေးညီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူတွေအတွက် လိုအပ်မယ့် ကဏ္ဍစုံအတွက် လစ်ဟင်းမှုမရှိရလေအောင် မှာကြားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။


ပြည်သူများအပေါ်မှာ ရင်ဝယ်သားကဲ့သို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိဖို့၊ ပြည့်ဝဖူလုံစေဖို့ အလေးထားတဲ့ အစိုးရတစ်ရပ်ကို ရရှိတဲ့အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိတာ အမှန်ပါ။ သို့ပေသော် မဲလိမ်မဲခိုးမှုတွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့သည့်အချိန်မှစ၍ အာဏာလက်မဲ့ ဖြစ်သွားသော မဲသူခိုးအုပ်စုနှင့် နိုင်ငံရေးလုပ်စားသူများက တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြတာ အထူးပြောဖို့မလိုပါ။ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြသူများဟာ ကိုဗစ်တတိယလှိုင်းကာလမှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် ပြည့်ဝစေဖို့ ဆေးဝါးပစ္စည်းတွေ တင်သွင်းခွင့်ပြုခဲ့တာကို အခွင့်ကောင်းယူပြီး လက်နက်တွေ ခိုးသွင်းပြီး ပြည်သူတွေကို သေကြောင်းကြံခဲ့ကြပါတယ်။ ယနေ့တိုင်အောင်လည်း သေကြောင်းကြံနေကြဆဲ ဖြစ်ပါတယ်။

အာဏာလက်မဲ့ ဖြစ်သွားသော မဲသူခိုးများနှင့် နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ သြဇာခံ PDF အကြမ်းဖက်သမား အင်အားကလည်း မနည်းမနောရှိနေပါတယ်။

အထူးအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ကျေးရွာများမှ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ သြဇာကို ခံယူပြီး တစ်ရွာလုံး PDF ဖြစ်နေတဲ့ ကျေးရွာများလည်း ရှိပါတယ်။ ထိုကဲ့သို့သော တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များရဲ့ သြဇာခံအဖြစ် မရပ်တည်ဘဲ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေမှာ နေထိုင်တဲ့ ပြည်သူတွေမှာ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရ၊ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ၊ ဒလန်လို့ ခေါင်းစဉ်တပ်ပြီး အသတ်ခံရ၊ ပျူစောထီးလို့ ခေါင်းစဉ်တပ်ပြီး အသတ်ခံရ၊ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေလို့ အသတ်ခံရ အစရှိသဖြင့် အကြောင်းအမျိုးမျိုးပြပြီး သတ်ဖြတ်နေကြခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကြီးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ ခင်ဗျာ -

အထူးအားဖြင့် တင်ပြလိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘေးပတ်လည်တွင် PDF အကြမ်းဖက်သမားများ အခြေချရာ ကျေးရွာများဖြစ်နေပြီး ဥပဒေဘောင်အတွင်း နေထိုင်လျက်ရှိသော ကျေးရွာများမှ ရွာသူရွာသားများမှာ စားရေးရိက္ခာ မလုံလောက်သဖြင့် ဆန်ပြုတ်သောက်နေကြရပါပြီ။ အဆိုပါ ကျေးရွာများမှာ PDF အကြမ်းဖက်အန္တရာယ်ကို ခုခံကာကွယ်ရန်အတွက် လက်နက်ခဲယမ်းလည်း ပြည့်ဝလုံလောက်စွာ မရှိကြပါ။ အချို့သော ကျေးရွာများမှာ ဆန်၊ဆီ၊ဆား ပြတ်လပ်နေပြီး ဆန်ပြုတ်သောက်နေရသည်မှာ လနှင့်ချီ၍ပင် ကြာမြင့်နေပြီဖြစ်ပါသည်။

ထိုသို့သော အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ပြည်ထောင်စုဝန်ကြီးများ ကြားသိရမည်ဆိုလျှင်လည်း အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် အတိဒုက္ခရောက်နေရသည့် ပြည်သူများကို လျစ်လျှူရှုထားနိုင်လိမ့်မည် မဟုတ်ပါ။ ထိုသို့သော အခြေအနေများကို နိုင်ငံတော်အကြီးအကဲများ မသိရှိခြင်းကြောင့် မျက်ကွယ်ပြုထားရာရောက်နေပြီး ပြည်သူများ အတိဒုက္ခရောက်နေရခြင်းဖြစ်သည်ဟု နားလည်မိပါသည်။ အထူးအားဖြင့် ခရိုင်၊ မြို့နယ် အလိုက် တာဝန်ရှိသူများမှာ တာဝန်ရှိသည့်အလျှောက် တာဝန်သိစိတ်ဖြင့် ဖြေရှင်းပေးခြင်းလည်းမရှိ၊ နိုင်ငံတော်အကြီးအကဲများထံ တင်ပြခြင်းလည်း မရှိသောကြောင့် ဥပဒေဘောင်အတွင်း နေထိုင်သော ပြည်သူများမှာ ငတ်မွတ်ခေါင်းပါးခြင်းဘေး (ဒုဗ္ဘိက္ခန္တရကပ်) နှင့် ကြုံတွေ့နေကြရခြင်းဖြစ်ပါသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသည့် ပြည်သူများကိုသာ အလေးထား လုပ်ဆောင်ပေးနေသည်ကို တွေ့ရပြီး အကြမ်းဖက်ဘေးအန္တရာယ် ကြုံတွေ့နေရသော ပြည်သူများကို ကူညီပံ့ပိုးမှု အားနည်းပါသည်။ အကြမ်းဖက်ဘေးအန္တရာယ် ကြုံတွေ့နေကြရသော ပြည်သူများကို အထူးအလေးထား ဆောင်ရွက်ပေးမည်ဆိုလျှင်လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ထမ်းများကို ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သြဇာခံ PDF အကြမ်းဖက်သမားမျာက ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်လာကြမည်ဖြစ်ပါသည်။ အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေးနှင့် အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများကို ကူညီစောင့်ရှောက်မှုပေးနိုင်ရေးကို အထွေထွေအုပ်ချုပ်ရေး၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ကသာ အဓိက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် စားဝတ်နေရေးအခက်ကြုံနေရသည့် ပြည်သူများကို မျက်ကွယ်ပြု၍ မိမိတို့ မြို့နယ်တွင် တည်ငြိမ်အေးချမ်းနေသယောင် မသိကျိုးကျွန်ပြုထားခြင်းသည် တာဝန်မဲ့သော လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံတော်အကြီးအကဲများက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို အလေးထားသကဲ့သို့ သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များတွင် နိုင်ငံတော်အကြီးများကဲ့သို့ ပြည်သူ့အကျိုးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနေသော ပုဂ္ဂိုလ်များလည်း ရှိပါသည်။ နိုင်ငံတော်အကြီးအကဲများကဲ့သို့သော စိတ်သဘောထားမျိုးမရှိဘဲ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ပြည်သူများ စားဝတ်နေမှု အတိဒုက္ခကြုံနေရသည်ကို မျက်ကွယ်ပြုထားသော တာဝန်မဲ့မှုမျိုးကို မျက်ကွယ်ပြုထားလျှင် အစိုးရအပေါ် ပြည်သူများက အထင်လွဲလာကြမည်ဖြစ်ပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကြီးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ ခင်ဗျာ -

သဘာဝဘေး၊ ကပ်ရောဂါဘေးတို့သည် ထိန်းချုပ်ရန် အလွန်လွန့် ခက်ခဲ့ပါသည်။ ထိုသို့သော အခြေအနေများကိုပင် ကြိုတင်ပြင်ဆင်မှုများ၊ လိုအပ်ချက်များကို အလျဉ်စလို ဖြည့်ဆည်းဆောင်ရွက်နိုင်သော နစကအစိုးရ၏ ဆောင်ရွက်ချက်များကို ထူးပင် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူမိပါသည်။ လူတို့ ဖန်တီးသော အကြမ်းဖက်ဘေး၊ လက်နက်ဘေးမှာ စနစ်တကျ ထိန်းကျောင်းကာကွယ်နိုင်သော ဘေးအန္တရာယ်များ ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်လောက် ထိန်းချုပ်ရန် ခက်ခဲသော ပြဿနာမျိုး မဟုတ်ဟု ရှုမြင်ပါသည်။ အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်သော ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တို့၏ သြဇာခံ အကြမ်းဖက်သမားများအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရေး၊ လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းဖွင့်ပေးထားပြီး ဖြစ်ပါသည်။ ထိုသို့ လမ်းဖွင့်ပေးထားပါလျက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်း မရှိသူများကို ဥပဒေနှင့်အညီ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်ရမည်သာ ဖြစ်ပါသည်။ 

သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များတွင် သတင်းထိန်ချန်၍ အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေး ပေါ့လျော့မှုအခြေအနေများ၊ ဥပဒေဘောင်အတွင်း နေထိုင်လျက်ရှိသော ပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွယ်နေမှုများအပေါ်တွင်လည်း သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသည့် ပြည်သူများအပေါ် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးသကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း အကြမ်းဖက်ဘေး၊ လက်နက်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့် ရင်ဆိုင်နေကြရသော ပြည်သူများ ကိုယ်စား ညှိုးငယ်သော စိတ်ထားဖြင့် လေးစားစွာ တင်ပြလိုက်ရပါကြောင်း။   ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)