ဘုတ်ပြင်းမြို့၌ ယဉ်ကျေးလိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာနှင့်ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့၌ ယဉ်ကျေးလိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာနှင့်ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ





MNP ၊ မေ  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်း၊အခြေခံ အင်္ဂလိပ်စာနှင့်ကွန်ပျူတာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေက ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသားသင်တန်းသူ ဌာနဆိုင်ရာဝန် ထမ်းများနှင့် မိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားတွင် ဘုတ်ပြင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက သင်တန်းဆင်းပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ သင်တန်းအသီးသီး သင်တန်းနည်းပြများအဖြစ်  ယဉ်ကျေးလိမ္မာသင်တန်းတွင်နည်းပြ (၃)ဦး၊ အင်္ဂလိပ်စာသင်တန်းတွင်နည်းပြ(၃)ဦး၊ ကွန်ပျူတာသင်တန်းတွင် နည်းပြ(၄)ဦး စုစုပေါင်း နည်းပြ (၁၀)ဦးအား ခရိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်း သားတစ်ဦးကိုလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူးတို့က အသီးသီးပေးအပ်ခဲ့သည်။ယင်းနောက်သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦး က ကျေးဇူးတင်စကားပြောကြားခဲ့ပြီ အခမ်းအနားကို ရုပ်သိမ်းကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment