ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ






MNP ၊ မေ  ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက အထက(ပေါင်) ရွှေရတုခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင် က ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေနိုင်ရေး၊ အကြောင်းကြောင်းကြောင့် ကျောင်း စာသင်ကျောင်းနှင့် အလှမ်းကွာ‌နေကြသူများအား စာသင်ခန်းအတွင်းရောက်ရှိအောင် စည်းရုံးဆောင်ရွက်ကြရေး ဆွေးနွေး အမှာစကားပြောကြားသည်။


ယင်းနောက် မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးက KG တန်းမှ Grade(12) အထိ ကျောင်းသားကျောင်းသူများအား နိုင်ငံတော်မှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်များအပြင် မူလတန်းကလေးများအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးနေမှု၊ တိုင်းရင်းသားတို့အတွက် ကျောင်းစာပေ အပြင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုများ ဆက်လက်သင်ကြားပေးသွားမည့် အခြေအနေတို့ကို ရှင်းလင်း ပြောကြားကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဒေါက်တာမိအိုင်းပရောနွန်ရော့က ကျောင်းစဖွင့်သည့်ရက်မှစတင်ကာ အသက် ၅ နှစ်အရွယ်မှ ၁၂ နှစ်အရွယ်အထိ ကလေးများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည့် အစီအစဉ်တို့ကို ရှင်းလင်းပြောကြားသည်။


ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်း စုစုပေါင်း (၁၆၄)ကျောင်းတို့၌ မေလ(၂၃)ရက်နေ့မှစတင်၍ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး မေလ (၂၅)ရက်နေ့အထိ အထက်တန်း(၈၁၀)ဦး၊ အလယ်တန်း(၂၉၃၂)ဦး၊ မူလတန်း(၂၅၄၆၈)ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ(၂၉၂၁၀)ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment