MNP ၊ မေ ၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ခုနှစ် ၊ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များက မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ် စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင် နှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် တို့ ဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိသားစု စည်း ရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နှင့် မိသားစုဝင်များ စုစုပေါင်းအင်အား ၈၀ ခန့်က မြို့ဦးရွှေစည်း ခုံစေတီ တော်ကြီးတွင် ဘုရား ဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် စေတီအနီး အနားရှိ အမှိုက် သရိုက် များကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ စေတီတော် ရင်ပြင် အနီး တံမြက်စည်း လှဲခြင်း ၊ ဘုရား ပရဝဏ်အတွင်း / အပြင် များတွင်သန့်ရှင်းရေးပြုလုပ်ခြင်း ၊ စေတီတော်အနီးရှိ သုံးရေကန်အား ရေဆေး ကြော ခြင်း ၊ ရေကန်အထဲရှိ အမှိုက် များ အားရှင်းလင်းခြင်းများကို စုပေါင်း ဆောင်ရွက် ခဲ့ကြ ကြောင်း သိရ သည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost





No comments:
Post a Comment