ဘီးလင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး


MNP ၊ မေ  ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေးများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဘီးလင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ချေးငွေများထုတ်ချေးပေးမှုနှင့်ပတ်သက်၍ ဘီးလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦးမျိုးမင်းအောင်က ချေးငွေထုတ်ယူသည့် တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ ပထမနေ့အဖြစ် ကဒီပု​ကျေးရွာ စပါးစိုက်တောင်သူ ၄၅ ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက  ၂၃၇  ဧကအတွက် ၃၅၅.၅ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဘီးလင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ချေးငွေထုတ်ယူမည့်ကျေးရွာပေါင်း ၂၆ ရွာရှိပြီး   တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့်  မိုးစပါးစိုက်ဧက (၁၅၀၀၀၀)အတွက်   စုစုပေါင်းချေးငွေပမာဏ  သိနိးပေါင်းတစ်သောင်းခွဲ ထုတ်ချေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)