MNP ၊ မေ ၁၉
ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝေမိုးအောင်တို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ်နှင့် မှော်ဘီမြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကော်မတီအဖွဲ့ဝင်များက မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြား ပြောင်းလဲတပ်ဆင်ထားခြင်း ရှိ/ မရှိ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများ၊ မြို့နယ် အတွင်း ယာဉ်တိုက်မှုဖြစ်ပွားမှုအခြေအနေများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးလုပ်ငန်းများကို အများပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဆက်လက်၍ ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝေမိုးအောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment