နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ဆောင်ရွက်


MNP ၊ မေ  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အပတ်စဉ် ပုံမှန်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီခွဲက မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏ အလေ့အကျင့်ကောင်းများတို့ကို ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသူများက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ၏ ‘ခေါင်းဆောင်မှု၊ အတွေး၏ အရေးပါမှု’ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများ တိုးပွားလာစေရန်နှင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယနေ့ စာဖတ်ဝိုင်းဆောင်ရွက်သည့် "ခေါင်းဆောင်မှု၊ အတွေး၏ အရေးပါမှု" စာအုပ်တွင် “ခေါင်းဆောင်မှု၊ အတွေး၏ အရေးပါမှု၊ စာပေဩဇာရှိလိုပါလျှင်”နှင့် အခြားခေါင်းစဉ်ငယ် ၂၅ ခုပါဝင်ပြီး စာပေချစ်သူများ ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment