မိတ္ထီလာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ ဆည်ကန်တမံများ ကြံ့ခိုင်မှုရှိမရှိနှင့် ရေဘေးကာကွယ်ရေး အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုများအား တာဝန်ရှိသူများက စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ ဆည်ကန်တမံများ ကြံ့ခိုင်မှုရှိမရှိနှင့် ရေဘေးကာကွယ်ရေး အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုများအား တာဝန်ရှိသူများက စစ်ဆေး





MNP ၊ မေ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ  ဆည်ကန်တမံများ ကြံ့ခိုင်မှုရှိမရှိအခြေနေများ၊ ရေကင်းစောင့် တာဝန်ချထားမှု အခြေအနေများနှင့် ရေဘေးကာကွယ်ရေး အရေးပေါ်ပစ္စည်းများစုဆောင်းထားရှိမှု အခြေအနေများအား တာဝန်ရှိသူများက ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။


မိတ္ထီလာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြတ်ဇော်သိန်း နှင့် တာဝန်ရှိသူများက ဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ ဆည်ကန်တမံများ ကြံ့ခိုင်မှု ရှိမရှိအခြေအနေများ၊ ရေကင်းစောင့် တာဝန်ချထားမှုအခြေအနေများနှင့် ရေဘေးကာကွယ်ရေးအရေးပေါ် ပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများအား ကွင်းဆင်စစ်ဆေးခဲ့သည်။ ယင်းသို့ စစ်ဆေးရာတွင်  မိတ္ထီလာမြို့နယ် ရှမ်းမငယ်တမံမှ မုန်တိုင်ဆည်သို့ ရေကူလုပ်ငန်းများ၊ ရှမ်းမငယ်တမံရှိ ရေထုတ်ပြွန်၊ ရေပိုလွှဲ၊ တမံကြံ့ခိုင်မှုအခြေအနေများနှင့် မိုးရာသီ ရေဘေးကာကွယ်ရေး အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများနှင့်  မုန်တိုင်ဆည်ရှိ ရေပိုလွှဲ၊ တမံကြံ့ခိုင်မှု အခြေနေများ၊  မိုးရာသီ ရေဘေးကာကွယ်ရေး အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။


ယင်းအပြင် သာစည်မြို့နယ်ရှိ မင်းလှကန်မောင်းတိုင်ရေပိုလွှဲတွင် ရေတံခါးများ လွယ်ကူစွာ ဖွင့်နိုင်စေရန် စလိုက်မီးများ တပ်ဆင်ထားမှုအခြေအနေများ၊ ရေကင်းစောင့် တာဝန်ချထားမှု အခြေအနေ များ၊ မိုးရာသီရေဘေးကာကွယ်ရေးအတွက် အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများနှင့် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ဆည်တမံ ရေတံခါးများတွင် ရေကင်းစောင့် တာဝန်ချထားမှုအခြေအနေများ၊ ရေဘေး ကာကွယ်ရေး အရေးပေါ်ပစ္စည်းများ  စုဆောင်းထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးထံမှ သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost














No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)